မင်္ဂလာမဆောင်ချင်ပဲ ဆောင်ရတယ်လို့ မှတ်ချက်ပေးခံနေရတဲ့ သတို့သားရဲ့ဒေါသ

Leylam/Facebook

မင်္ဂလာဆောင်တယ်ဆိုတာ သတို့သားရော သတို့သမီးရော ပျော်ပျောရွှင်ရွှင် ရှိနေမှ မင်္ဂလာဆောင်က အဓိပ္ပါယ်ရှိပါတယ်။ ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက်က ဒေါသထွက်နေတယ်၊ ပူဆွေးနေတယ်၊ စိတ်မပါလက်မပါ ဖြစ်နေတယ်ဆိုရင် မင်္ဂလာဆောင်ရတာ အတော်လေးကို ကမောက်ကမ နိုင်ပါတယ်။

အခုလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာတော့ သတို့သားကိုဒေါသကြောင့် မင်္ဂလာပွဲဟာ ရုပ်ဆိုးအကျည်းတန်ခဲ့ပါတယ်။ (၃)ထပ်မင်္ဂလာကိတ်ကို လှီးတဲ့အချိန်မှာ သတို့သားဟာ ဒေါသစတင်ပေါက်ကွဲခဲ့တာပါ။ သူဟာ မျက်နှာ မှုန်သေသေနဲ့ဖြစ်နေပြီး၊ သတို့သမီးနဲ့အတူ မင်္ဂလာကိတ်မုန့် လှီးခဲ့ပါတယ်။

Leylam/Facebook

အဲဒီမှာ ဓားက မတော်တဆ အောက်ကို လွတ်ကျသွားပါတယ်။ သတို့သမီးကတော့ ခင်ပွန်းလောင်းအကြောင်း မသိသေးတော့ ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်နေတာကို တွေ့ရပါတယ်။ နောက်တစ်ခါ ဓားကို အတူကိုင်ပြီး ကိတ်မုန့်လှီးတဲ့အခါ သူ ဓားကို အောက်ကို လွှတ်ချလိုက်ပါတယ်။

အဲဒီအခါမှာတော့ သတို့သမီးဟာ မျက်နှာပျက်စ ပြုနေပါပြီ။ ဘေးမှာ ဆွေမျိုးသားချင်းတစ်ဦးက ကိတ်မုန့်ခွံ့ဖို့ ပြင်ဆင်နေတာကို သတို့သားက စိတ်မရှည်သလို စွဲလုပြီး၊ သတို့သမီးကို ကိတ်မုန့် ခွံ့ပါတယ်။ သူ့ကတော့ သူတို့သမီး ကိတ်မုန့်ခွံ့တာကို မစောင့်ဘဲ သူ့ဘာသာသူ ကိတ်မုန့်ကို စားလိုက်ပါတယ်။

Leylam/Facebook

အဲဒီနောက် ရှန်ပိန်ပုလင်း ဖောက်တဲ့အခါ ရှန်ပိန်ပုလင်းက ထင်ထားသလို တရွှီးရွှီး ပန်းမထုတ်တဲ့အတွက် သတို့သားဟာ ရှန်ပိန်ပုလင်းကို ပေါက်ခွဲပစ်လိုက်တာကို တွေ့ရပါတယ်။ ဝိုင်းနေတဲ့ ကလေးတွေလည်း မှန်ကွဲစတွေ နင်းမိမှာစိုးလို့ ဝေးရာကို ပြေးပါတော့တယ်။

ဒီအဖြစ်အပျက်ဟာ ဘယ်နေရာ ဘယ်ဒေသမှာဖြစ်ခဲ့တာလဲဆိုတာ ဖော်ပြထားချင်းတော့ မရှိပါဘူး။ ဒါပေမယ့် ဒီဗွီဒီယိုဖိုင်ကိုကြည့်လိုက်သူတွေအဖို့တော့ သတို့သားရဲ့လုပ်ရပ်ဟာ ဘယ်လောက် အရုပ်ဆိုးအကျည်းတန်သလဲဆိုတာ မြင်သာစေမှာပါ။ သူ ငွေကုန်ခံကျင်းပခဲ့တဲ့ ဒီမင်္ဂလာပွဲဟာ သူရဲ့အတ္တတွေ၊ ဒေါသတွေကြောင့် သူ့ကြောင့်ပဲ နှစ်ဘက်မိဘကို အရှက်ခေါ်ပြီးခွဲသလို ဖြစ်ခဲ့ရပါတယ်။

Basi xarab heyif qiza😒👎🏻

Posted by Leylam on Tuesday, 10 December 2019

လင်းသူရိန်

SHARE