သေမင်းနဲ့လက်တစ်ကမ်းမှာပဲရှိတဲ့ ကမ္ဘာတစ်ဝှမ်းက အန္တရာယ်အများဆုံး ဆဲလ်ဖီနေရာများ

instagram/viajandocomamor, instagram/lonelyplanet

ပုံမှန်ဆို ဆဲလ်ဖီပုံတစ်ပုံ ရိုက်တာဟာ အန္တရာယ်မရှိပါဘူး။ ရိုက်ပြီးတဲ့အခါမှာလည်း မိသားစုတွေနဲ့ သူငယ်ချင်းတွေကို အမှတ်တရအဖြစ် ပြန်ပြနိုင်လို့ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာရဲ့ အချို့သော အရပ်ဒေသတွေမှာ ဆဲလ်ဖီရိုက်ခြင်းကို ကန့်သတ်ပိတ်ပင်ထားပါတယ်။ အကြောင်းရင်းကတော့ အသက်အန္တရာယ်စိုးရိမ်ရလို့ ဖြစ်ပါတယ်။

အောက်ဘက်မှာတော့ thetravel အွန်လိုင်းသတင်းစာမျက်နှာမှာတွေ့ရတဲ့ ကမ္ဘာတစ်လွှားက ဆဲလ်ဖီရိုက်ကူးဖို့အတွက် အန္တရာယ်များလွန်းတဲ့နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

TRIANA BRIDGE, SEVILLE, SPAIN


စပိန်နိုင်ငံက Triana Bride ဟာ သတ္တုခုံးတံတားတစ်စင်း ဖြစ်ပါတယ်။ တံတားက Seville မြို့လယ်ကောင်ကနေ Tiana လူနေရပ်ကွက်တွေဆီ ဆက်သွယ်ထားပါတယ်။ (၂၀၁၄) ခုနှစ်တုန်းက ပိုလန်နိုင်ငံသား ကျောင်းသူတစ်ယောက်က တံတားပေါ်ကနေ ပြုတ်ကျသေဆုံးဖူးပါတယ်။ အဲ့ဒီတုန်းက သေဆုံးသူကျောင်းသူဟာ လှပတဲ့ တံတားရဲ့အနုလက်ရာကို ဆဲလ်ဖီရိုက်ဖို့ ကြိုးစားရင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူမဟာ တံတားပေါ်ကနေ အမြင့်(၂၃) ပေလောက်ရှိတဲ့ အောက်ဘက်ဆီပြုတ်ကျပြီး ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

TAJ MAHAL, UTTAR PRADESH, INDIA

Taj Mahal ကို (၁၆၃၀) ခုနှစ်များဆီမှာ Shah Jahan အမည်ရတဲ့ မွန်ဂိုအရှင်သခင်က ခမ်းနားလှပတဲ့ မာဘယ်လ်ကျောက်သားတွေနဲ့ ဘုရားကျောင်းဆောက်လုပ်ခဲ့တာပါ။ ဘုရားကျောင်းရဲ့ ဗိသုကာလက်ရာက ထူးခြားတာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ အများအပြားလာရောက်လေ့ ရှိပါတယ်။ ကမ္ဘာ့အံ့ဖွယ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားကျောင်းထဲမှာ လူသေဖူးပါတယ်။ အမျိုးသားတစ်ယောက်ဟာ လှေကားတက်ရင်း မာဘယ်ကျောက် အဆောက်အဦးကို နောက်ခံထားပြီး ဆဲလ်ဖီရိုက်ဖို့ ကြိုးစားရာမှာ ခြေချော်လဲကျသွားခဲ့တာပါ။ အမျိုးသားဟာ ခြေချော်လဲကျလို့ရတဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။ အိန္ဒိယမှာတော့ ဆဲလ်ဖီရိုက်ရင်း အသက်ဆုံးကုန်တဲ့ လူဦးရေအချိုးက အတော်မြင့်ပါတယ်။

READ
သင်သိထားသင့်တဲ့ ကမ္ဘာတစ်ဝန်းနိုင်ငံတွေရဲ့ ကျင့်ဝတ်စည်းမျဉ်းတွေအကြောင်း

MOUNT HUA, CHINA

တရုတ်ပြည်ရဲ့ ဧရာမတောင်စဉ် (၅) လုံးထဲမှာ Mount Hua တောင်လည်း အပါအ၀င် ဖြစ်ပါတယ်။ တောင်ထိပ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၂,၁၀၀) မီတာကျော်ရှိပြီး ကမ္ဘာလှည့်ခရီးသည်တွေအတွက်တော့ ပေါ်ပြူလာနေရာ တစ်နေရာ ဖြစ်ပါတယ်။ ခုလို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ မဖွံ့ဖြိုးခင် Mount Hua တောင်ထိပ်ဟာ ကမ္ဘာပေါ်မှာ အတက်ရအခက်ဆုံး တောင်အဖြစ် သတ်မှတ်ခံထားရတာပါ။ တောင်ထိပ်တစ်နေရာမှာ တောင်ရဲ့အခြားတစ်ဖက်ကို မြင်ရတဲ့ သစ်သားတံတားလေးတစ်ခု ရှိပါတယ်။ အချို့လူတွေက အမှုမှတ် အမှတ်မဲ့နဲ့ တံတားပေါ်မှာ ဆဲလ်ဖီရိုက်ရင်း ပြုတ်ကျသေဆုံးကြတယ်လို့ သိရပါတယ်။

TROLLTUNGA ROCK, ODDA, NORWAY

View this post on Instagram

Um dos lugares mais INCRÍVEIS que já fomos!! Noruega, com certeza um dos nossos países favoritos, fizemos uma roadtrip de 9 dias no país durante o verão, julho, época em que é possível fazer as trilhas, como essa da foto, Trolltunga!! Foi a trilha mais difícil que já fiz na vida, foram 30km no total em 12h, mas essa vista, ah essa vista valeu tudo!! A cidade base para fazer é Odda, não tem como não se apaixonar por esses fiordes! Tem um destaque Noruega aqui no perfil com todos os detalhes e mais informações sobre o nosso roteiro, e mesmo que você não seja fã de trilha mas ame natureza e paisagens incríveis, pode incluir Noruega na sua listinha ❤️ #viajandocomamor 🇳🇴📌

A post shared by Viajando Com Amor ❤️ Travel 🌍 (@viajandocomamor) on

Trolltunga Rock သို့မဟုတ် Troll’s Tongue လို့ အမည်ရတဲ့ ကျောက်တုံးဟာ သဘာဝအလျောက် မြေပြင်အထက် မီတာ (၁,၁၀၀) နီးပါးမှာ တွဲလောင်း ရှိနေတာပါ။ နော်ဝေးမှာတော့ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေလည်း အလာများပါတယ်။ ဒါပေမယ့် ကျောက်တုံးနေရာမှာ လူ့အသက်အန္တရာယ်အတွက် ကာကွယ်ပေးထားတဲ့ ကြိုးတွေ၊ အရံအတားတွေ ဘာမှ မရှိပါဘူး။ ကျောက်တုံးပေါ်ကနေ ပြုတ်ကျပြီး သေဆုံးကုန်တဲ့သူတွေလည်း ရှိပါတယ်။ ကျောက်တုံးပေါ်ကနေ ပြုတ်ကျသေဆုံးတဲ့သူ အချို့ကတော့ ဆဲလ်ဖီရိုက်ဖို့ ကြိုးစားရင်းနဲ့ သေကုန်ကြတာပါ။

READ
ကမ္ဘာကြီးပေါ် ရှင်သန်နေတဲ့ သင် သိမှာမဟုတ်သေးတဲ့ အချက်အလက်များ

HIGH RISES AND CRANES, VARIOUS PLACES

နောက်ထပ် ဆဲလ်ဖီရိုက်ဖို့ အန္တရာယ်အများဆုံး နေရာတွေကတော့ မိုးမျှော်တိုက်တွေနဲ့ ကရိန်းတွေပေါ်မှာပဲ ဖြစ်ပါတယ်။ ဝေဟင်အမြင့်က ရိုက်ကူးတဲ့ မြင်ကွင်းတွေက ရင်သပ်ရှုမောစရာ ကောင်းပေမယ့်လည်း ကြောက်စရာ ကောင်းပါတယ်။ အချိန်မရွေး ခြေချော်လက်ချော်ဖြစ်ရင် ပြုတ်ကျသွားနိုင်တဲ့အတွက် အသက်အန္တရာယ်နဲ့ နီးတယ်လို့ ပြောနိုင်ပါတယ်။ အချို့လူငယ်တွေဆိုရင် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မိုးမျှော်တိုက်အမြင့်ကြီးတွေပေါ်မှာ ဆဲလ်ဖီရိုက်ဖို့ ကြိုးစားရင်း သေဆုံးကုန်ပါတယ်။ (၂၀၁၅) ခုနှစ်တုန်းကလည်း အသက် (၁၇) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ကြိုးနဲ့ဆိုင်းပြီး (၉) ထပ်တိုက်ပေါ်တက် ဆဲလ်ဖီရိုက်ဖို့ ကြိုးစားရာမှာ ကြိုးပြတ်ပြီး သေဆုံးသွားခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE