နာမည်ကြီးအီတလီဇိမ်ခံ အသုံးအဆောင် ပစ္စည်းတွေ ထုတ်တဲ့ Brand တစ်ခုက နေ ကမ္ဘာ့ ဈေးအကြီး ဆုံး လက်ကိုင်အိတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အိတ်တန်ဖိုးကတော့ ပေါင် ၅.၃ သန်း တန် ကြေး ရှိပါတယ်။အီတလီအ ခြေ စိုက် Boarini Milanesi က နေ Parva Mea bag တွေကို ထုတ်ခဲ့ပါတယ်။ အဲ့အိတ်တစ်လုံးရဖို့ နာရီပေါင်း တစ်ေ ထာင် အကုန်အကျ ခံဖန်တီးခဲ့ရတာပါ။ဒီအိတ်အကြောင်းကို တော့ Daily Mail မှာ ဖော်ပြထားတာပါ။
View this post on Instagram
အိတ်ကိုတော့ မိကျောင်းသားရေ နဲ့ လုပ်ထားတာာဖြစ်ပြီး ရွှေဖြူ လိပ်ပြာ လေး ၁၀ ကောင်နဲ့ အလှ ဆင် ထားတာပါ။အဲ့ဒီအထဲက လေးကောင်က တော့ စိန်၊နီလာ၊ရှားပါးတဲ့ paraiba tourmalines တို့နဲ့ အလှဆင်ထားတာဖြစ်ပြီး ကာရတ်စုစုပေါင်း ၁၃၀ ရှိပါတယ်။အိတ်မှာပါတဲ့ ခေါင်းကွင်းလေးလို အရာ မှာ လည်း စိန်ပါဝက်ပါတယ်။ဒီဇိုင်းက တော့ သမုဒ္ဒရာ ကို တုပ မှီငြမ်း ဖန်တီးထားတာပါ။အိတ် တွေ ရောင်းလို့ရလာတဲ့ ပိုက်ဆံ တွေ ထဲက £711,950 ကိုေ တာ့ အဏ္ဍာဝါ ပတ်ဝန်းကျင် ပလတ်စတစ် ရှင်း လင်း ရေး မှာ အသုံးပြု သွားမှာပါ။
View this post on Instagram
Boarini Milanesi ရဲ့ Co-Founder တစ်ယောက် ဖြစ်တဲ့ Matteo Rodolfo Milanesi က တော့ ဒီအိတ်က ဆယ်ကျော်သက် ဘ၀ တည်းက ကွယ်လွန်သွားခဲ့တဲ့ အဖေ နဲ့ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပင်လယ် အမှတ်တရ တွေကို မှီငြမ်း ပြီး ဖခင်ကို ချီးကျူးဂုဏ်ပြု တဲ့ အနေနဲ့ ဖန်တီးခဲ့တာလို့ ပြောခဲ့ပါတယ်။ဒီဇိုင်နာ Carolina Boarini က တော့ ပတ်ဝန်းကျင်ကို ဂရုစိုက် အလေးထားကြဖို့ အတွက် လှုံ့ ဆော် မှု မှာ အကူအညီ ဖြစ်စေ ဖို့ အတွက် ဒီ အိတ်တွေကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ကျောက်ရွေးချယ်မှု အပိုင်းက တော့ ပင်လယ်နဲ့ ဆက်စပ် နေတယ်လို့ Carolina က ပြော ပါတယ်။အပြာရောင် နီလာ က တော့ ပင်လယ်သမုဒ္ဒရာ ကို ကိုယ်စားပြုတာ လို့ ပြော ခဲ့ပါတယ်။
View this post on Instagram
‘Paraiba tourmaline ကျောက်က တော့ ကာရေဘီယံ ပင်လယ်ကို အမှတ်ရ စေကြောင်း၊စိန်က တော့ ရေရဲ့ ကြည်လင်မှုကို ကိုယ်စားပြုကြောင်း. ပြောခဲ့ပါတယ်။ Boarini Milanesi ကိုတော့ ၂၀၁၆ တုန်းက အီတလီမှာ စတင် ထူထောင် ခဲ့ကြတာပါ။နည်းနည်းနဲ့ အရည်အသွေး ကောင်းကောင်းကို ဖန်တီး မယ်ဆိုတဲ့ ‘less, but better’ က တော့ သူတို့ရဲ့ ရည်ရွယ်ချက်ပါ။
#SHWEMOM