နှစ်သန်းပေါင်း(၅၅၀)က သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ခြေရာကို ရှာဖွေတွေ့ရှိခဲ့

The Sun

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၅၅၀)လောက်က သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ခြေရာတစ်ခုကို တရုတ်သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါတိရစ္ဆာန်ရဲ့ခြေရာဟာ ကနဦးယူဆထားတဲ့ နှစ်သက်တမ်းထက် နှစ်သန်း(၁၀၀)လောက် စောနေခဲ့တယ်လို့ သိရပါတယ်။

ခြေရာပိုင်ရှင်မှာ အကြမ်းဖျဉ်းအားဖြင့်တော့ ပင်လယ်ကြမ်းပြင် တွားသွားသတ္တဝါတစ်ကောင် ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုကြပေမယ့် တစ်ခြားပုံစံတူ သတ္တဝါတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ဒီခြေရာကို တရုတ်နိုင်ငံအတွင်းမှာ သိပ္ပံပညာရှင်တစ်စုက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

PA

ဒါပေမယ့် အနီးအနားမှာတော့ ခြေရာပိုင်ရှင် တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း စတာတွေကို ရှာဖွေတွေ့ရှိခြင်း မရှိလို့ လောလောဆယ်တော့ ခြေရာပိုင်ရှင်ဟာ ဘယ်လိုသတ္တဝါ အမျိုးအစားဆိုတာ တိတိကျကျ ဖော်ထုတ်နိုင်ခြင်းတော့ မရှိသေးပါဘူး။

PA

အဆိုပါသတ္တဝါဟာ နှစ်သန်းပေါင်း (၅၄၁)နဲ့ (၅၅၁)အတွင်း ကြင်လည်ကျက်စားခဲ့တဲ့ သတ္တဝါမျိုးဖြစ်နိုင်ပြီး ခြေရာပိုင်ရှင်မှာ Arthropod အုပ်စုဝင် ကဏန်း၊ ကင်းမြီးကောက်၊ ကင်းခြေများ အစရှိတဲ့သတ္တဝါများကဲ့သို့ ခြေဘယ်ညာ အစုံလိုက်သွားတဲ့ သတ္တဝါတွေရဲ့ ပုံစံနဲ့တူညီနေလိမ့်မယ်လို့တော့ ကနဦး ယူဆနေကြပါတယ်။

READ
စာဖတ်ချိန်ရအောင် လုပ်ဆောင်နိုင်တဲ့ အချက်(၅)ချက်
WIKIMEDIA

နောက်ပြီး ခြေရာပိုင်ရှင်ဟာ ပင်လယ်ကမ်းခြေမှာ ကျင်လည်ကျက်စားတဲ့ သတ္တဝါငယ်မျိုးသာ ပိုဖြစ်နိုင်ပြီး ခြေရာစွပ်ကြောင်းရဲ့ အရှည်မှာ (၁) မီလီမီတာသာ ရှိပါတယ်။ ဒီခြေရာတွေကို တရုတ်နိုင်ငံတောင်ပိုင်း Yangtze Gorges ပြည်နယ်ပိုင်နက်အတွင်းမှာ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က နှစ်သန်းပေါင်း (၅၁၀-၅၄၀)အတွင်းက ကျောရိုးပါးသတ္တဝါ တစ်ကောင်ရဲ့ တွေ့ရှိခဲ့သေးပေမယ့် ခိုင်မာတဲ့ သက်သေအထောက်အထားတွေကိုတော့ မပြသနိုင်ခဲ့ပါဘူး။

နတ်စည်ေတာ် (Shwemom)

Ref : thesun.co.uk
Ref : metro.co.uk

SHARE