ကမ္ဘာ့အသက်အကြီးဆုံး Golden Retriever ခွေး လေး “August”

Image:Fb/GoldHeart Golden Retrievers Rescue

Golden Retriever ခွေး လေး  “August” က တော့ ပြီးခဲ့တဲ့ ရက်က အသက် (၂၀)ပြည့် မွေးနေ့ ပွဲ ကျင်းပခဲ့ပါ တယ်။သူမက တော့ ကမ္ဘာ့ အသက်အကြီးဆုံး Golden Retriever ခွေး ပါ။ပုံမှန်အားဖြင့်ဆိုရင် တော့ ဒီလို ခွေး အမျိုးအစားဟာ(၁၀-၁၂)နှစ်လောက်အထိ အသက်ရှည် ကြပါတယ်။ဒါပေမယ့် “August” က တော့ အခုချိန် ထိ သန်မာ ကျန်းမာ နေတုန်းပါ။သူမက တော့ အသက် (၂၀) ပြည့်တဲ့ ပထမဆုံး golden retriever ခွေးလို့ တောင် ပြောလို့ရပါတယ်။ဒီ သတင်းကိုတော့ The Mirror မှာ ဖော်ပြထားပါတယ်။

Image:Fb/GoldHeart Golden Retrievers Rescue

သူမရဲ့ အသက် (၂၀)ပြည့် မွေးနေ့ အတွက် တော့ ချစ်စရာ ကောင်းတဲ့ မုန်လဥ၀ါ ကိတ် လေး တစ်ခုကို ဖန်တီး ပေးခဲ့ ပါတယ်။ သူမရဲ့ ဘော်ဒါ တွေ ဖြစ်တဲ့ Sherman, Belle နဲ့ Bruce တို့ နဲ့ အတူတူ လည်း ဓါတ်ပုံရိုက်ခဲ့ပါ တယ်။ August ကို တော့ (၂၀၀၀)ခုနှစ် ဧပြီ (၂၄)က မွေးဖွားခဲ့ပါတယ်။ပိုင်ရှင် Jennifer နဲ့ Steve  တို့ က တော့ သူမကို မွေး ဖွား ခဲ့တာပါ။ အဲ့စုံတွဲ နှစ်ယောက်လုံး က တော့ golden retriever ကယ်ဆယ် ရေး အဖွဲ့ အတွက် အလုပ်လုပ် နေကြတဲ့ သူတွေပါ။”August” အသက် (၁၄)နှစ်တုန်းမှာ သူတို့ စုံတွဲ က မွေးစားခဲ့တာပါ။

READ
အဖေ့ဘဏ်အကောင့်ထဲက ရူပီး(၁၆)သိန်းကို PUBG skin တွေ ၀ယ်ဖို့ သုံးခဲ့တဲ့ ကောင်လေး
Image:Fb/GoldHeart Golden Retrievers Rescue

Jennifer က တော့ ခွေး လေးဟာ အသက်ကြီး ပေမယ့် အံ့သြစရာ ကောင်းလောက် အောင် ကျန်းမာ တယ်လို့ ပြောခဲ့ပါတယ်။(၁၄)နှစ်တုန်းက တော့ ကျောက်ကပ် ရောဂါ ခံစား ခဲ့ ရ ပေမယ့် နောက်ပိုင်းမှာတော့ ဆေးကုသမှု ခံယူပြီး ပြန် ကောင်းလာ ခဲ့ပါတယ်။ Golden Retriever ခွေး တွေ က အများဆုံး (၁၇)နှစ် ဒါမှမဟုတ် (၁၈)နှစ်အ ထိ  အသက် ရှည် ကြ ပေမယ့် လည်း (၂၀) အထိ အသက်ရှည် တာ မျိုးက တော့ August က ပထမဆုံး ပါ။

READ
အမှုတိုင်ချင်လို့ ဘာလုပ်ရမှန်းမသိတဲ့အမျိုးသား တရားရုံးကိုကားနဲ့ဝင်တိုက်

#SHWEMOM

SHARE