လိင်တူချစ်သူကို ၂၆နှစ်ကြာတွဲခဲ့တဲ့ အသက်(၁၈၆)နှစ်အရွယ်လိပ်ကြီး

အသက်(၁၈၆)နှစ်ရှိဖြစ်တဲ့ သက်တမ်းရင့်လိပ်ကြီးတစ်ကောင်ရဲ့ ချစ်သူသက်တမ်းဟာ (၂၆)နှစ်ကြာပြီဖြစ်တဲ့ ချစ်သူဟာ နောက်ဆုံးတော့ လိပ်အထီးတစ်ကောင်ဖြစ်နေနိုင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတဲ့အကြောင်းကို The Sun မှာ တွေ့ရပါတယ်။ Jonathan အမည်ရတဲ့ အဆိုပါ (၁၈၆)နှစ်ရှိတဲ့လိပ်ကြီးက Frederica လို့ခေါ်တဲ့ လိပ်တစ်ကောင်နဲ့ ၁၉၉၁ ခုနှစ် တောင်အတ္တလန္တိတ်သမုဒ္ဒရာထဲက St. Helena ကျွန်းမှာ တွေ့ခဲ့ကြတာဖြစ်ပါတယ်။

GETTY – CONTRIBUTOR

ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးသက်ရှိဖြစ်နိုင်ခြေရှိတဲ့ လိပ်ကြီး Jonathan ဟာ ၁၉ရာစုကတည်းက St.Helena ကျွန်းမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ လိပ်အမျိုးအစားတွေမှာ အထီးနဲ့အမကို ကောင်းကောင်းခွဲခြားလို့ မရနိုင်ပါဘူး။ အခွံမှာရှိတဲ့ အထစ်၊ အမှတ်ရာတွေနဲ့ ၀မ်းဗိုက်ပုံစံကိုကြည့်ပြီးမှ ခွဲခြားလို့ရပါတယ်။  ကျွန်းပေါ်က တိမွေးကုဆရာဝန်ဖြစ်တဲ့ Catherine Man ရဲ့ပြောဆိုချက်အရ အဆိုပါလိပ်စုံတွဲဖြစ်တဲ့ Jonathan နဲ့ Frederica တို့ဟာ အစာစားတာ၊ အိပ်တာနဲ့ မိတ်လိုက်တာတွေကို အတူတကွပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

READ
ခင်ပွန်းနဲ့အတူဖမ်းမိတဲ့ အမြှောင်မယားရဲ့ မျိုးပွားအင်္ဂါကို ငရုတ်သီးနဲ့ ပွတ်ခဲ့တဲ့ မယားကြီး
BOURNEMOUTH NEWS & PICTURE SERVICE

လိပ်ကြီး Jonathan ဟာ Frederica ရောက်မလာခင်က စိတ်ကယောက်ကယက်ဖြစ်နေခဲ့ပြီး ခုံတွေကို နှုတ်သီးနဲ့ခေါက်တာတွေ၊ ဂိမ်းကစားတဲ့အခါမှာ နှောင့်ယှက်တာတွေပြုလုပ်လာတာကြောင့် သူ့ကို အဖော်အဖြစ် လိပ်အမတစ်ကောင်ရှာပေးဖို့ ဒေသခံတွေက အကြံဥာဏ်ရခဲ့ပါတယ်။ ဒီနောက်မှာ Frederica ရောက်လာခဲ့တာပါ။ အရင်ကတော့ လိပ်အမလို့ထင်ထားတဲ့ Frederica ဟာ အခွံမှာဒဏ်ရာရတဲ့အခါ သေချာကြည့်လိုက်တဲ့အခါကျမှ လိပ်အထီး ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကို တွေ့လာရတာပါ။ ဒါဟာ ဒေသခံတွေအတွက် စဉ်းစားစရာဖြစ်နေတဲ့ ဘာလို့ လိပ်သားပေါက်လေးတွေ မမွေးလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေလည်း ဖြစ်လာနိုင်ပါတယ်။

REX FEATURES ၁၉၉၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှာတွေ့ရတဲ့ Jonathan

လိပ်ထီးကြီး Jonathan ဟာ St.Helena ကျွန်းမှာအထင်ရှားဆုံးဖြစ်ပြီး အာဏာပိုင်တွေက သူတို့စောင့်ကြည့်နေတဲ့ကြားထဲက သေဆုံးမှာကို စိုးရိမ်နေကြပါတယ်။ လိပ်တစ်ကောင်ရဲ့ ပုံမှန်သက်တမ်းက နှစ်(၁၅၀)ဖြစ်ပေမယ့် Jonathan ဟာ ပျမ်းမျှသက်တမ်းကို (၃၅)နှစ်တိုင်တိုင်ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ Jonathan ကို ၁၈၈၀ ခုနှစ်လောက်ဆီက St.Helena ကျွန်း အုပ်ချုပ်ရေးမှူးကို Seychelles ကျွန်းနိုင်ငံက လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပါတယ်။

READ
ရှားရှားပါးပါးမိဘနှစ်ပါးလုံးဆီကကျောက်ကပ်နဲ့အသက်ဆက်ခွင့်ရခဲ့သူကောင်မလေး

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE