ရိုမန်တစ်ဆန်းလွန်းလို့ ချစ်သူနဲ့ သွားကို သွားသင့်တဲ့ အချစ်မြို့တော်များ……

pinterest

ကမ္ဘာကြီးကို စူးစမ်းလေ့လာရတဲ့ အလုပ်က အင်မတန်မှ စိတ်ဝင်စား လှုပ်ရှားစရာ ကောင်းပါတယ်။ နောက်ပြီးတော့ ကိုယ် သိပ်ချစ်ရတဲ့ တစ်စုံတစ်ယောက်နဲ့ အတူ ခရီးသွားရတာကလည်း  နေ့စဉ် ဘ၀ထဲကနေ ခေတ္တခဏ အနားယူဖို့အတွက်နဲ့ ကိုယ့်ရဲ့ ထက်သန်ပြင်းပြမှုကို ပြန်လည် ရှာဖွေရေးအတွက် လွန်စွာမှ အထောက်အကူပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။

ချစ်သူနဲ့ ခရီးသွားမယ်ဆို သွားမယ့် နေရာဒေသကလည်း ရိုမန်တစ်ဆန်ရမယ်၊ ကိုယ့်ရဲ့ စိတ်ခံစားချက်၊ စိတ်အခြေအနေကို လတ်ဆတ်မှုတွေပေးမယ့် ပတ်ဝန်းကျင်လည်း ဖြစ်ဖို့လိုတယ်။ ပြောလိုမရဘူး တစ်ချိန်မှာ ကိုယ့်ချစ်သူ လက်ဆွဲပြီး  ကမ္ဘာ ပတ်ရင်ပတ်နေမှာလေ.. ဒီတော့ ရိုမန်းတစ်ဆန်ပြီး ကမ္ဘာတစ်လွှားက ချစ်သူတွေ အသွားများအဆုံး နေရာတွေ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

 

ပဲရစ်မြို့- ပြင်သစ်

Jetsetter/pinterest

ရိုမန်တစ်ဆန်လွန်းတဲ့ နေရာတွေထဲမှာဆိုရင် ပဲရစ်မြို့က အထင်အရှားဆုံးထဲမှာ ပါဝင်တယ်။ ကမ္ဘာတစ်ဝှမ်းက လူတွေ သိပ်နှစ်သက်တဲ့ မြို့တော် တစ်ခုလည်းဖြစ်တယ်။ ပဲရစ်မြို့ကိုဆို City of Love ဆိုပြီတောင် တင်စားကြတယ်။

Seine မြစ်ကမ်းဘေးမှာ လမ်းလျှောက်မယ်၊ မြို့ထဲက လမ်းမတွေပေါ် လျှောက်ကြည့်ရင်း ကော်ဖီသောက်မယ်၊ ပြီးရင် အနုပညာ ပြခန်းတွေသွားလေ့လာကြမယ်၊ Eiffel Tower ကြီးပေါ်တက်ပြီး အတူတူ အချိန်ကုန်ကြမယ်… အဲ့ဒီလိုမျိုး ချစ်ကြည်နူးစရာ အဖြာအဖြာကို ဖန်တီးနိုင်တဲ့ မြို့တစ်မြို့ပါတယ်။

READ
ကိုယ်ပိုင်ကားမရှိလည်း သွားရေးလာရေး အရမ်းအဆင်ပြေနေတဲ့ မြို့ကြီးများ

 

ဗင်းနစ်မြို့ – အီတလီ

Jetsetter/pinterest

ဗင်းနစ်မြို့ဟာ စိတ်ကူးယဉ် သိပ်ဆန်တဲ့ မြို့တစ်မြို့ဖြစ်ပြီး အချစ်အာရုံ ကြည်နူးဆွတ်ပျံ့ဖွယ် အတိရှိတယ်။ ထူးခြားတဲ့ ရေမြေအနေအထားရှိတယ်။  ဗင်းနစ်ကို အသက်ဝင်နေတဲ့ ၁၄-၁၆ ရာစု ပန်ချီးကားတစ်ချပ်လိုပဲလို့ တင်စားကြပါတယ်။ ချစ်ရသူနဲ့ လမ်းကျဉ်းလေးတွေပေါ်လျှောက်ရင်း၊ ဂန္တ၀င် တူးမြောင်းတွေထဲ ဂွန်ဒိုလာလှေစီးရင်း အခိုက်အတန့်ကောင်းလေးတွေကို ပိုင်ဆိုင်နိုင်မယ်။ ချစ်သူတွေအတွက် သွားအသင့်ဆုံး မြို့တစ်မြို့ဆိုလည်း မမှားပါဘူး။

 

ဆန်တိုရီနီ – ဂရိ

Jetsetter/pinterest

ဂရိနိုင်ငံက ကျွန်းတွေထဲမှာ ရိုမန်တစ်အဖြစ်ဆုံး ကျွန်းဖြစ်တယ်၊ နောက် ဟန်နီးမွန်းထွက်ဖို့ အသင့်တော်ဆုံး နေရာဖြစ်တယ်။ လှပတဲ့ လမ်းအကွေ့အကောက်တွေကို လျှောက်ရင်း အလှ ဓာတ်ပုံ ကောင်းကောင်း ရိုက်နိုင်မယ်၊ နေ၀င်ချိန်အလှကို ချစ်ရသူနဲ့ ၀ိုင်သောက်ရင်း၊ ဒေသစာ တွေကို မြည်းစမ်း စားသောက်ရင်း အချိန်တွေကို ကုန်ဆုံးနိုင်မယ့် မြို့တစ်မြို့ပါ။

 

ကျိုတို – ဂျပန်

Jetsetter/pinterest

အာရှတိုက်ထဲမှာ တော့ ကျိုတိုဟာ ချစ်သူတွေ သိပ်သွားသင့်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ရာသီအလိုက် ထူးခြားစွာ အရောင်ပြောင်းလဲတတ်တဲ့ ဥယျာဉ်ရှုခင်းနဲ့ Kyoto Botanical Gardens က သိပ် နာမည်ကြီးတယ်။ ချစ်သူနဲ့ အေးအေးလူလူ စကားပြော လမ်းလျှောက်နိုင်တယ်။ နွေရာသီမှာဆို ချယ်ရီပွင့်တွေ ကျဲနေတဲ့ Okazaki တူမြောင်းထဲမှာ လှေစီးနိုင်တယ်။

READ
ဗီယက်နမ်က အလှဆုံးရှုခင်းတွေနဲ့ ဓာတ်ပုံဆရာတွေရဲ့ အကောင်းဆုံးလက်ရာမွန်များ

 

Ubad, ဘာလီ – အင်ဒိုနီးရှား

Jetsetter/pinterest

အင်ဒိုနီးရှာ ပိုလာဘာလီ ကျွန်းလေးဝယ်… သူလေးနဲ့တွေ့လို့ ဘလာ ဘလာ ဘလာ….

တကယ်လည်း ဘာလီကျွန်းဟာ ရိုမန်းတစ်ဆန်လွန်းပါတယ်။ ကျွန်းပေါ်ရှိ Ubud မြို့လေးက ချစ်သူ စုံတွဲတိုင်းအတွက် အနုပညာရသ၊ သဘာဝအလှ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာ၊ ဖန်တီးမှုလက်ရာ စတာတွေနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်စရာ အပြည့်ပေးစွမ်းနိုင်တဲ့ မြို့လေးဖြစ်တယ်။ စကူတာငှား လယ်ကွင်းတွေထဲ ဖြတ်မောင်းရင်း သဘာဝပတ်ဝန်းကျင်ကို ခံစားနိုင်မယ်၊ ရှေးဟောင်း ဘုရားကျောင်းတွေကို သွားရောက်ပြီး ဘာလီရဲ့ ယဉ်ကျေးမှုတွေကို လေ့လာနိုင်မယ်၊ တိတ်ဆိတ် အေးချမ်းတဲ့ ဗီလာတွေထဲမှာ တောတောင် အငွေ့အသက်ကို ရှုရှိုက်ခွင့်ရရှိမှာဖြစ်ပါတယ်။

Matthew 

SHARE