သင်သိမှာမဟုတ်သေးတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးခွေးကြီးအကြောင်း

Guinness World Records

အခုပြောပြမယ့်အကြောင်းအရာကတော့ ဂင်းနစ်စံချိန်စာအုပ်ထဲမှာ ကမ္ဘာ့အရပ်အရှည်ဆုံးခွေးကြီး အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ “Zeus” ဆိုတဲ့ ခွေးကြီးအကြောင်းပါ။

အမေရိကန်နိုင်ငံ၊ မစ်ချီဂန်မှာနေထိုင်ကြတဲ့ ဒင်းနစ် ဒေါလက် နဲ့ သူမရဲ့မိသားစုက မွေးထားကြတဲ့ ခွေးကြီးတစ်ကောင်ဖြစ်ပြီး ဂျာမန် Great Dane အမျိုးအစားခွေးကြီးဟာ သူ့ရဲ့ရှည်လျားတဲ့အရပ်အမောင်းကြောင့် ဂင်းနစ်မှတ်တမ်းတောင် ၀င်သွားခဲ့ရပါတယ်။

Guinness World Records

ဒင်းနစ် ဟာ (၂၀၁၁)ခုနှစ်မှာ ဂင်းနစ်မှတ်တမ်းအဖွဲ့ကို သူမရဲ့အိမ်ဆီ ဖိတ်ခေါ်ခဲ့ပြီး ဒီခွေးကြီးဟာ ကမ္ဘာပေါ်မှာ အရပ်အမြင့်ဆုံးခွေးတစ်ကောင်ဖြစ်ကြောင်း သက်သေထူခဲ့တာပါ။ အဲဒီအချိန်တုန်းက တိုင်းတာမှုတွေအရ “Zeus” ရဲ့ အရပ်အမြင့်ဟာ (၄၄)လက်မ ရှိပြီး သူ့လောက် အရပ်မြင့်တဲ့ခွေးမျိုး အခုထိ မပေါ်လာသေးပါဘူး။

အရပ်ကြီးမြင့်ပြီး မြင်ရတာ ကြောက်စရာကြီးလို ဖြစ်နေပေမယ့် “Zeus” ကတော့ တကယ့်ကို လူယဉ်တဲ့ခွေးကြီးပါ။ သူက အမေရိကန်နိုင်ငံထဲမှာရှိတဲ့ ဆေးရုံတွေဆီ လှည့်ပတ်သွားခဲ့ပြီး ဝေဒနာရှင်တွေကို စိတ်ခွန်အားပေးတဲ့ ခွေးကြီးတစ်ကောင်အဖြစ် နှစ်တော်တော်ကြာ လုပ်ကိုင်ပေးခဲ့ပါတယ်။ သူက မကျန်းမာတဲ့ လူနာတွေရဲ့ အနားမှာနေပေးတာ၊ သူတို့ရဲ့ပွေ့ဖက်မှုကို ခံယူတာ စတာတွေကို လုပ်ဆောင်ပေးခဲ့ပြီး ဒီအလုပ်ကို သူ ကျေနပ်နေခဲ့တယ်လို့ ဒင်းနစ် က ဆိုပါတယ်။

READ
ဟယ်ရီပေါ်တာစာအုပ် ဖတ်တဲ့ကလေးတွေက လူကောင်းဖြစ်လာနိုင်ချေ ပိုများဟုဆို
Guinness World Records

သူ့ရဲ့အသက် (၅)နှစ်အရွယ်မှာတော့ “Zeus” ဟာ သေဆုံးသွားခဲ့ပြီး သူ သေသွားတဲ့အချိန်က (၂၀၁၄) စက်တင်ဘာ မှာ ပါ။ သူ သေဆုံးခဲ့တာ (၅)နှစ်လောက် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ “Zeus” ရဲ့နေရာကို အစားဝင်မယ့် အရပ်ရှည်တဲ့ခွေးကြီးတစ်ကောင် ပေါ်ထွက်မလာခဲ့သေးပဲ “Zeus” ကသာ ဂင်းနစ် မှတ်တမ်းထဲမှာ နေရာယူထားဆဲဖြစ်ပါတယ်။

Guinness World Records

Linn

SHARE