လေဘာတီရုပ်ထုရဲ့ အရွယ်အစားထက် (၂)ဆပိုကြီးမယ့် ကမ္ဘာ့အမြင့်ဆုံး ရုပ်ထုကြီး

(၅) နှစ်တာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီးစီးတဲ့နောက်မှာ ကမ္ဘာ့အမြင့်ဆုံးရုပ်ထုကြီးကို အော်တိုဘာ(၃၁) ရက်နေ့မှာ ဖွင့်လှစ်ပြသတော့မှာပါ။ (၂၀၁၃)ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့က စတင်ဆောက်လုပ်ခဲ့တဲ့ ၄င်းရုပ်ထုကြီးဟာ “Statue of Unity” လို့အမည်ရပြီး ပေပေါင်း(၅၉၇) ပေ အမြင့်ရှိပါတယ်။ လေဘာတီရုပ်ထုရဲ့ အမြင့်ထက် (၂) ဆမြင့်ပြီး လက်ရှိ ကမ္ဘာ့အမြင့်ဆုံးရုပ်ထုဖြစ်တဲ့ တရုတ်နိုင်ငံက Spring Temple Buddha ရုပ်ပွားတော်ထက် ပေ(၁၀၀) လောက်ပိုမြင့်ပါတယ်။

EPA

ရုပ်ထုကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း Sadhu ကျွန်းမှာ ထားရှိမှာဖြစ်ပါတယ်။ ရုပ်ထုအတွက် ကုန်ကျစရိတ်ပေါင်းဟာ မီလီယံပေါင်ပေါင်း (၄၅၀) ရှိပါတယ်။ ရုပ်ထုဟာ အိန္ဒိယ၀န်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ Sardar Vallabhbhai Patel ကို သတိတရအနေနဲ့ ထွင်းထုထားတာ ဖြစ်ပါတယ်။ ၄င်းရဲ့မွေးနေ့ဖြစ်တဲ့ အောက်တိုဘာ(၃၁) ရက်မှာတော့ လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒိကိုယ်တိုင် ရုပ်ထုဖွင့်ပွဲပြုလုပ်မှာပါ။

dailymail

Sardar Vallabhbhai Patel  ရုပ်ထုဟာ ရီယိုဒီဂျနေးရိုးမြို့က ကျော်ကြားတဲ့ Christ The Redeemer ထက် (၅) ဆပိုမြင့်ပြီး ရုရှားနိုင်ငံက The Motherland Calls ရုပ်ထုထက်လည်း (၂) ဆပိုမြင့်ပါတယ်။ ရုပ်ထုရဲ့ ဖောင်ဒေးရှင်းကိုတော့ ဘိလပ်မြေနဲ့ သံချိန်ပေါင်း သန်းနဲ့ ချီကာ သုံးစွဲထားပါတယ်။

READ
အလုပ်တစ်ခုကို လက်မခံခင် ဒါတွေ သေချာစဉ်းစားပါ။
EPA

ရုပ်ထုကို လာရောက်လေ့လာမယ့် ဧည့်သည်တွေဟာ မြေပြင် ပေ(၅၀၀) အထက်ကနေပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ရှုမျှော်ခင်းတွေကို လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ရုပ်ထုဟာ တချိန်တည်းမှာပဲ ဧည့်သည်ပေါင်း အယောက်(၂၀၀) ကျော် ၀င်ဆန့်နိုင်ပါတယ်။ Sardar Vallabhbhai Patel အထိမ်းအမှတ်ရုပ်ထုတည်ဆောက်မှုနဲ့ ပတ်သက်လို့ ၀န်ကြီးချုပ် မိုဒီကိုယ်တိုင် ပရောဂျက်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Sardar Vallabhbhai Patel ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကတော့ သူကိုယ်တိုင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ပြီး အဆောက်အဦးဆောက်တာ၊ ရုပ်ထုဆောက်တာတွေကို မနှစ်သက်ဘူးလို့ သိရပါတယ်။

EPA

လင်းလင်း (ShweMom)

Ref: Dailymail

SHARE