တိုကျိုမြို့ကို တောအုပ်အသွင် ကူးပြောင်းပေးမယ့် အတုယူဖွယ်ရာ ဂျပန်ရဲ့စိတ်ကူးသစ်

ဂျပန်နိုင်ငံက ဗိသုကာပညာရှင်တွေဟာ သစ်သားအသုံးပြုပြီး ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီး တည်ဆောက်တော့မယ့် အကြံအစည်ကို ဖွင့်ဟခဲ့ပါတယ်။ မိုးမျှော်တိုက်ဟာ အမြင့်ပေပေါင်း (၁,၁၄၈)ပေ ရှိမှာဖြစ်ပြီး (၂၀၄၁)ခုနှစ်မှာ ဆောက်လုပ်မှု ပြီးစီးမှာဖြစ်ပါတယ်။ အဆောက်အဦးမှာ ဆိုင်ခန်း၊ လူနေအိမ်၊ ရုံးခန်းနဲ့ ဟိုတယ်တွေ ပါပါဝင်မှာဖြစ်ပြီး တည်ဆောက်မှုပြီးစီးခဲ့ရင် ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးအဆောက်အဦးကြီး ဖြစ်လာမှာပါ။

@Nikkei

စုစုပေါင်းပျမ်းမျှကုန်ကျငွေ ပေါင်(၄.၂) ဘီလီယံ (ဒေါ်လာ(၅.၉) ဘီလီယံ) ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်သူတွေကတော့ ဂျပန်နိုင်ငံရဲ့မြို့တော်ကို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် တောအုပ်အသွင် ပြောင်းလဲမည်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

@Nikkei

အဆောက်အဦးဒီဇိုင်းကိုတော့ တိုကျိုအခြေစိုက် ဗိသုကာကုမ္ပဏီတစ်ခုဖြစ်တဲ့ Nikken Sikkei က ရေးဆွဲတာဖြစ်ပါတယ်။ ဒါပေမယ့် အဆောက်အဦးကိုတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Sumitomo Group ကနေ တာဝန်ယူတည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

READ
ဘယ်သူမှမစဉ်းစားမိတဲ့နည်းလမ်းနဲ့ ပျားရည်လာခိုးတဲ့ဝက်ဝံတွေကို ပြန်အသုံးချခဲ့တဲ့အမျိုးသား
@Nikkei

ဒါပေမယ့် ယခုအဆောက်အဦးရဲ့ (၇၆)ရာခိုင်နှုန်းကို သစ်သားနဲ့ဆောက်လုပ်မှာဖြစ်တဲ့အတွက် စတီးနဲ့ ကွန်ကရစ်သုံးပြီး ဆောက်ခဲ့ရင် ထွက်လာမယ့်ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ပမာဏ တန်ချိန်(၂,၈၀၀) ကို လျော့ချနိုင်မယ်လို့သိရပါတယ်။

@Nikkei

W350 Project လို့ အမည်ပေးထားတဲ့အဆောက်အဦးကို တည်ဆောက်ဖို့အတွက် ဘယ်လိုသစ်သားအမျိုးအစားကိုအသုံးပြုမလဲဆိုတာတော့ မသိရသေးပါဘူး။ အဆောက်အဦးမှာ မြေပြင်ကနေ အထပ်အမြင့် (၇၀)ပါဝင်ပြီး သစ်သားကုဗပေသန်းပေါင်း (၆.၅) သန်းကျော်နဲ့ စတီးကိုသာ အသုံးပြုမှာဖြစ်ပါတယ်။

@Nikkei

Nikken Sekkei ရေးဆွဲထားတဲ့ အစီအစဉ်ကြမ်းမှာတော့ လေပြင်းဒဏ်ခံနိုင်အောင်နဲ့ ငလျင်ဒဏ်ခံနိုင်စေဖို့အတွက် စည်းခတ်ထားတဲ့ ပြွန်ပုံသဏ္ဍာန်အဆောက်အဦးဒီဇိုင်း ဖြစ်ပါတယ်။ ရုံးခန်း၊ ဆိုင်ခန်းနဲ့လူနေအိမ်ခြေတွေအပါအ၀င် ခေါင်မိုးဥယျာဉ်၊ စိမ်းလန်းတဲ့သစ်ပင်တွေနဲ့ လေသာဆောင်တွေအပြင် သဘာဝအလင်းရောင်ရနိုင်တဲ့ ဟောခန်းကျယ်ကြီးတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

@Nikkei

W350 စီမံကိန်းမှာ မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး စည်းမျဉ်းတွေလည်း သတ်မှတ်ထားပါသေးတယ်။ ဂျပန်ဟာနောက်တက်မယ့် မျိုးဆက်တွေကို အိမ်ဆောက်ရန်အတွက် သစ်သားတွေအသုံးပြုမှုကို လျော့ချခိုင်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မကြာသေးမီကမှ အဆိုပါစည်းကမ်းကို ဖြေလျော့ခဲ့တာပါ။ (၂၀၂၀) တိုကျိုမြို့လယ်မှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက် အမျိုးသားအားကစားရုံအသစ်ကိုလည်း လက်ရှိမှာ သစ်သားနဲ့ဒီဇိုင်းထုတ်ပြီး တည်ဆောက်နေဆဲဖြစ်ပါတယ်။

READ
ကခုန်နေစဉ် သေနတ်ပြုတ်ကျပြီး မတော်တဆ ကျည်ထွက်ကာ ဘေးလူကိုထိမှန်ခဲ့
@Nikkei
@Nikkei
@Nikkei

လင်းလင်း(ShweMom)

SHARE