အဖမ်းခံရဖူးတဲ့ ကမ္ဘာကျော်ဆယ်လီများနဲ့ သူတို့ရဲ့ ပြစ်မှုမှတ်တမ်းဓာတ်ပုံများ

ဆယ်လီတွေကတော့ ပြစ်မှုကျူးလွန်လို့ အဖမ်းခံထားရတာတောင် ပြစ်မှုမှတ်တမ်းဓာတ်ပုံတွေထဲမှာ ပြုံးနေနိုင်ကြသူတွေပါ။ ပုံကောင်းကောင်း ထွက်ချင်လို့လားတော့ မသိ။ အင်္ဂလန် ဘောလုံးအကျော်အမော် ဝိန်းရူနီကတော့ ပြစ်မှုမှတ်တမ်း ဓာတ်ပုံအရိုက်ခံလိုက်ရတဲ့ ဆယ်လီတွေထဲ မကြာသေးခင်ကမှ စာရင်းဝင်သွားသူလည်း ဖြစ်ပါတယ်။ တခြား ဘယ်သူတွေကရော ဘယ်လိုပြစ်မှုတွေနဲ့ ပြစ်မှုမှတ်တမ်းပုံတွေထဲမှာ မျက်နှာပြောင်ထားကြသေးလဲသိချင်ရင် အောက်မှ ဆက်ကြည့်လိုက်နော်။

Wayne Rooney

Mirror

အင်္ဂလန်ဘောလုံးစတား Wayne Rooney ကတော့ ၂၀၁၈ ဒီဇင်ဘာ ၁၆ တုန်းက အဖမ်းခံခဲ့ရပါတယ်။ ပြစ်မှုကတော့ အများပြည်သူတွေအရှေ့ မူးယစ်ရမ်းကားမှုနဲ့ ဆဲဆိုမှုတို့ ဖြစ်ပါတယ်။ မကြာခင်မှာတော့ ခံဝန်နဲ့ ပြန်လွတ်လာခဲ့တာပါ။ အရက်မူးနေတုန်း အိပ်ဆေးသောက်မိလိုက်လို့ မူးယစ်ရမ်းကားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Reese Witherspoon

Mirror

သရုပ်ဆောင် မင်းသမီး Reese Witherspoon ကတော့ ၂၀၁၄ ဧပြီလတုန်းက အဖမ်းခံခဲ့ရတာပါ။ ခင်ပွန်းဖြစ်သူ Jim Toth က အရက်မူးပြီး ကားမောင်းတဲ့အမှုနဲ့ အဖမ်းခံခဲ့ရတဲ့အခါ သူမက ရဲတွေကို စောဒကတက် ရန်ပြုခဲ့တဲ့ အမှုနဲ့ပါ။

READ
Nadech နဲ့ Yaya တို့ရဲ့ ထိုင်းသင်္ကြန် (Songkran)အတွက် အစီအစဉ်

Lindsay Lohan

Mirror

Lindsay Lohan ကတော့ ပြစ်မှုမှတ်တမ်း အများအပြားရှိခဲ့ဖူးသူပါ။ အရက်မူးပြီး ကားမောင်းတာတွေရော၊ မူးယစ်ဆေးအမှုတွေရော အစုံပါပဲ။ အဆိုးဆုံးကတော့ ၂၀၁၃ တုန်းက ကိုယ့်ကိုယ်ကို ရဲလက်အပ်ခဲ့တဲ့ အဖြစ်ပါ။

Macaulay Culkin

Mirror

ဒီပုံကတော့ Home Alone ရုပ်ရှင်ထဲက မင်းသား Macaulay Culkin ရဲ့ ၂၀၀၄ တုန်းက ပြစ်မှုမှတ်တမ်းပုံပါ။ မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရတာပါ။

Paris Hilton

Mirror

Paris ကတော့ ပြစ်မှုမှတ်တမ်းပုံထဲမှာတောင် နှုတ်ခမ်းနီ အဆိုးမပျက်ပါဘူး။ ၂၀၀၇ တုန်းက စည်းကမ်းမဲ့ ကားမောင်းမှုနဲ့ အဖမ်းခံခဲ့ရတာပါ။

Justin Bieber

Mirror

JB ကတော့ ၂၀၁၄ တုန်းက စည်းကမ်းမဲ့ ကားမောင်နှင်မှုနဲ့ အဖမ်းခံခဲ့ရတာပါ။ ပြစ်မှုမှတ်တမ်း ဓာတ်ပုံအရိုက်ခံရတာတောင် အပြုံးမပျက်ပါဘူးနော်။

READ
အနုပညာလောကထဲက ပရိသတ်မသိသေးတဲ့အကြောင်းတွေကိုငိုပြီး ပြောပြလာတဲ့ ပတ်ထရစ်ရှာ

Ref: Mirror

SHARE