ပရိတ်သတ်တွေရဲ့ အမျှော်လင့်ချက်တွေကိုရိုက်ချိုးခဲ့ကြတဲ့ ၂၀၁၈ ရဲ့ အဆိုးဆုံးရုပ်ရှင်များ

ရုပ်ရှင်မထွက်ခင် Trailer အရမ်းကောင်းလွန်းလို့ ကြည့်ချင်စိတ်ကို မနည်းထိန်းထားရတဲ့ အခိုက်အတန့်တွေ ရုင်ချစ်သူတိုင်းမှာ ရှိကြမှာပါ။ Trailer လည်းကောင်း တကယ်ရုပ်ရှင်ထွက်တော့လည်းကေင်းနေရင်တော့ ဘယ်လောက်ကြာအောင် စောင့်ရစောင့်ရ စောင့်ရကျိုးနပ်ပေမယ့် Trailer ဗလာက်တောင် တကယ့် ရုပ်ရှင်ကြီးက ကောင်းမနေဘူးဆိုရင်တော့..

ဒီတော့ ၂၀၁၈ ခုနှစ်အတွင်း အဆိုးရွားဆုံးရုပ်ရှင်တွေကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင်လား။ လူကြည့်များကောင်းများပေမယ့် ပရိတ်သတ်ရဲ့အသည်းနှလုံးထဲ လုံးဝမထိုးဖောက်နိုင်တဲ့ ရုပ်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Pacific Rim: Uprising

Pacific Rim အနေနဲ့ အရှေ့မှာ တစ်ကားထွက်ထားခဲ့တာလည်းရှိတော့ ဒုတိယကားထွက်တော့မယ်ဆိုတဲ့အသံကြားတာနဲ့ မျှော်နေမိခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားပါ။ သို့ပေမယ့် ပထမကားရဲ့ ခြေဖျားတောင်မမီဘဲ စက်ရုပ်တွေနဲ့ပုံမလာပန်းမလာသတ္တဝါတွေနဲ့ Visual effect တွေကလည်း အရင်ကားလောက်တောင် မထိမိခဲ့တဲ့အတွက် Upraising အနေနဲ့ကတော့ တော်တော်လေး ဂွမ်းသွားခဲ့ပါတယ်။

Pacific Rim: Uprising
(၂) Mortal Engines

လုံးဝအမိုက်စား universe တစ်ခုကို ဆွဲခေါ်သွားမယ်လို့ ထင်မိခဲ့ပေမယ့် တကယ်တမ်းရုပ်ရှင်ထွက်လို့ ကြည့်လိုက်တဲ့အခါမှာတော့ ဂျပန် animation ဇာတ်ကား Howl’s Moving Castle နဲ့ Castle in the Sky နဲ့ကို များ ပေါင်းထားသလားလို့ ထင်မိပါတယ်။

READ
K-Pop လောကရဲ့ Sexy အကျဆုံး အမျိုးသမီး Idol (၁၀)ယောက်
Mortal Engines
(၃) The Nutcracker and the Four Realms

ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ The Nutcracker ကို ရုပ်ရှင်အနေနဲ့ အသက်သွင်းနေပြီလို့ကြားတဲ့အခါ မင်းသမီးနေရာမှာ သရုပ်ဆောင်မယ့် Mackenzie Foy ပါတာကတစ်ကြောင်း၊ Nutcracker ဇာတ်ရုပ်ကို ကြိုက်နှစ်သက်လို့ရောတစ်ကြောင်း ကိုယ်ကိုယ်တိုင်အရမ်းမျှော်မှန်းမိတဲ့ ဇာတ်ကားတစ်ကားပါ။ သို့ပေမယ့် Barbie ကာတွန်းရဲ့ Barbie in the Nutcracker လောက်တောင် မကောင်းခဲ့တော့ ခဲလေသမျှ သဲရေကျခဲ့ရပါတယ်။

The Nutcracker and the Four Realms
(၄) The Colverfield Paradox

၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Colverfield နဲ့ ယှဉ်ကြည့်လိုက်ရင်တော့ The Colverfield Paradox က အကွာကြီးကွာမှာဖြစ်ပေမယ့် အခြားရုပ်ရှင်တွေလောက်တော့ ဆိုးဆိုးရွားရွားမရှိလှပါဘူး။ ဆယ်စုနှစ်တစ်ခုအကြာမှ ဇာတ်လမ်းအဆက်က ပြန်ထွက်လာတာကြောင့် universe ချင်းချိတ်ဆက်ဖို့ရာ အနည်းငယ် ရှုပ်ထွေးမှုတွေ ရှိခဲ့တယ်လို့ ပရိတ်သတ်တွေကမှတ်ချက်ပေးခဲ့ကြပါတယ်။

The Colverfield Paradox
(၅) Predator

ဒီမှာတော့ Predator ကို ရုံပြည့်ရုံလျှံ အားပေးခဲ့ကြမယ့် သူလည်းပဲ အရမ်းချာတဲ့ ရုပ်ရှင်တစ်ကားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Predator တို့ Aliens တို့ Aliens vs Predator တို့လို ရုပ်ရှင်တွေ ကြီးစိုးခဲ့တဲ့ စိတ်ကူးတွေကို ဒီဇာတ်ကားဟာ ကောင်းကောင်းကြီး ချိုးဖျက်လိုက်တယ်လို့ပဲ ဆိုချင်ပါတယ်။

READ
(၉၀)ခုနှစ်ဝန်းကျင်ကထွက်ခဲ့တဲ့ ရုပ်ရှင်တွေထဲက လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းအချို့
Predator
(၆) Fifty Shades Freed

အရှေ့ပိုင်းမှာလည်း Fifty Shades of Grey တို့ Fifty Shades Darker တို့ ထွက်ထားတာမို့ ဇာတ်ကားတိုင်းလိုလိုဒါဒါတွေချည်း ထပ်ချည်းတစ်လဲလဲကြည့်နေရာမို့ အရမ်းကို ရိုးအီစေခဲ့ပါတယ်။ အမြင်အရတော့ နောက်ထပ်ရုပ်ရှင်တစ်ကားထွက်ဖို့ အတင်းဆွဲဆန့်ရိုက်ကူးထားတယ်လို့တောင် ထင်မိပါတယ်။

Fifty Shades Freed
(၇) Winchester

သရဲကားအညွှန်းတွေထဲ အမြဲတစေပါပါလာတတ်တဲ့ Winchester ဇာတ်ကားဟာ တကယ်တမ်းတော့ ၂၀၁၈ ရဲ့အဆိုးဆုံးရုပ်ရှင်ထဲ ပါဝင်ခဲ့ပါတယ်။ လိုချင်တဲ့အချက်ကို ထိထိမိမိမရိုက်ကူးနိုင်တဲ့အပြင် တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းရဲ့ တန်ဖို့ကိုပါ လျော့ကျသွားစေတယ်လို့ ယူဆပါတယ်။ Jump scare တွေသိပ်များလွန်းပြီး ကျောရိုးထဲစိမ့်နေအောင် ကြောက်ရမယ့် အခန်းတွေ မပါတာကြောင့် ဝေဖန်ခံနေရပါတယ်။

Winchester

Source: Brain Berries

Penny

SHARE