ဒီလက္ခဏာတွေခံစားရရင် ရောဂါပိုးကူးစက်ခံရမှုကြောင့် STI ရောဂါရှိနေနိုင်ကြောင်းသတိပြုသင့်

လူဦးရေတစ်သန်းမှာ တစ်ဝက်နီးပါးလောက်က နေ့စဉ် လိင်ဆက်ဆံခြင်းကနေတစ်ဆင့်ရောဂါပိုးကူးစက်ခံရပြီး သူတို့ရဲ့ဘ၀မှာ ပုံစံမမှန်တဲ့လိင်ဆက်ဆံခြင်းကြောင့်  STIလိုရောဂါမျိုးကူးစက်ခံရနိုင်ပါတယ်။

STI ရောဂါဝေဒနာရှင်အများစုမှာ ရောဂါလက္ခဏာပြတာမျိုးမတွေ့ရပါဘူး။ဒါကြောင့်လိင်ဆက်ဆံခြင်းကြောင့်ရရှိနိုင်တဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ပုံမှန်စစ်ဆေးမှုပြုလုပ်ဖို့အရေးကြီးပါတယ်။

1)အဖုအပိမ့်များထွက်ခြင်း

ခနာကိုယ်ရဲ့ဘယ်နေရာမှာမဆိုအဖုအပိမ့်ထွက်တာက နေရတာကသိကအောက်ဖြစ်ရပါတယ်။အထူးသဖြင့်မျိုးပွားအင်္ဂါအနီးတ၀ိုက်မှာကြွက်နို့လိုကြမ်းရှရှအထိအတွေ့နဲ့အဖုအပိမ့်မျိုးထွက်လာရင်မပေါ့ဆသင့်ပါဘူး။တခါတရံမှာဝက်ခြံလိုရိုးရိုးသာမန်အစက်အပြောက်လေးတွေလည်းဖြစ်တတ်ပါတယ်။များသောအားဖြင့်ဒီလိုလက္ခဏာတွေတွေ့ရတာပုံစံမမှန်တဲ့လိင်ဆက်ဆံနည်းတစ်မျိုးဖြစ်တဲ့ oral sexကြောင့်ဖြစ်ရပြီး ရေယုန်ဖြစ်နေရင်လည်းဒီလိုရောဂါလက္ခဏာတွေ့ရ တတ်လို့မပေါ့ဆ သင့်ပါဘူး။

2)နာကျင်ခြင်း

STI ရောဂါရှိနေနိုင်ကြောင်းပြသတဲ့လက္ခဏာတွေထဲမှာအမျိုးသမီးတွေမှာဝမ်းဗိုက်နာကျင်တာမျိုးခံစားရလေ့ရှိပြီးအမျိုးသားတွေမှာတော့ အမျိုးသားအင်္ဂါမှာနာကျင်မှုခံစားရတတ်ပါတယ်။ဒီလက္ခဏာခံစားရရင်တော့ လိင်ဆက်ဆံ နည်းပုံစံကိုလည်း လျစ်လျူမရှုသင့်တော့ပါဘူး။ရောဂါလက္ခဏာ တွေ့ရှိတာနဲ့ အချိန်မဆိုင်းဘဲ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပါတယ်။

3)ပုံမှန်မဟုတ်တဲ့ အကျိအချွဲများထွက်ခြင်း

ဒီလက္ခဏာကတော့အမျိုးသမီးတွေမှာပိုပြီးသိသိသာသာတွေ့ရတတ်ပါတယ်။မမျိုးပွားအင်္ဂါကနေအ၀ါရောင်၊အစိမ်းရောင်လိုမျိုး ပုံမှန်မဟုတ်တဲ့အကျိအချွဲထွက်ခြင်းဟာ ဆီးပူညောင်းကျ၊ကာလသားရောဂါထိတောင်ဖြစ်နိုင်ပါတယ်။တကယ်လို့ အဲဒီလို ထူးထူးခြားခြားမဖြစ်ဘဲ အဖြူရောင်အကျိအချွဲများထွက်ပေမယ့်လည်း ပမာဏများပြီး အနံ့အသက်ရှိနေတယ်ဆိုရင်လည်း မပေါ့ဆသင့်ပါဘူး။အမျိုးသားတွေဆိုရင်တော့ ကျားအင်္ဂါကနေထွက်လေ့ရှိပြီး ဒီလက္ခဏာတွေကို မပေါ့ဆဘဲ အလေး ထားဂရုစိုက်ဖို့လိုပါတယ်။

4)ဆီးသွားမှုပုံစံပြောင်းလဲခြင်း

STIရဲ့နောက်ထပ်ရောဂါလက္ခဏာတွေကတော့ဆီးလမ်းကြောင်းနဲ့ဆီးအိမ်မှာပိုးဝင်ခြင်း၊ ကျောက်ကပ်အနည်ထိုင်ခြင်းတို့ဖြစ်ပါတယ်။အဲ့လိုအချက်တွေကြောင့်ဆီးသွားတဲ့အခါနာကျင်တာခံစားရတတ်ပါတယ်။ညဘက်တရေးနိုးအပေါ့အပါးသွားတဲ့အခါမျိုးမှာ ပုံမှန်မဟုတ်တဲ့နာကျင်မှုမျိုးကိုခံစားရရင် မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။

READ
ဘယ်ဘက်ကို စောင်းအိပ်ခြင်း၏ အကျိုးကျေးဇူးများ

5)ယားယံခြင်း

မျိုးပွားအင်္ဂါတ၀ိုက်နေရာတွေမှာသာမန်ထက်ပိုပြီးယားယံတာမျိုးခံစားရတယ်ဆိုရင်လည်းသက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်နဲ့အမြန်ဆုံးပြသပြီး ကုသမှုခံယူသင့်ပါတယ်။

6)ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း

အမျိုးသမီးတွေအနေနဲ့မအင်္ဂါကနေပုံမှန်မဟုတ်ဘဲ သွေးဆင်းမယ်ဆိုရင်လည်းဒီရောဂါရှိနေနိုင်ပါတယ်။ပိုးရှိနေတယ်ဆိုတဲ့လက္ခဏာဖြစ်လို့ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ဒါပေမယ့် လိင်ဆက်ဆံပြီးတိုင်း မင်္ဂါကနေ သွေးဆင်းခြင်းရှိမရှိကိုလည်း ကိုယ်တိုင်စစ်ဆေးသင့်ပါတယ်။

ChoChoThan(Shwemom)

Ref:thesun

SHARE