မျက်မမြင်တစ်ဦးဆီကနေ ပိုက်ဆံကို ကလိမ်ကျခြင်း ရှိမရှိ စမ်းသပ်ခဲ့တဲ့ ဗွီဒီယိုဖိုင်

ကမ္ဘာပေါ်မှာ လူဆိုတာ အတန်းအစားနှစ်ခုပဲ ရှိပါတယ်။ ရိုးသားသူနဲ့ မရိုးသားသူပေါ့။ ဒီအထဲမှာမှ တစ်ချို့က အခြေအနေအရ ရိုသားချင်ယောင် ဆောင်ကြတာရှိသလို၊ တစ်ချို့ကကျတော့ ပင်ကိုဗီဇအရ ရိုသားကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုလူတွေကို ဘယ်လိုနေရာမှာ တွေ့နိုင်သလဲဆိုတော့ အောက်မှာ ဗွီဒီယိုလေး ဖော်ပြပေးထားပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ စာမေးပွဲကျရှုံးသူတွေရဲ့ မျက်နှာကို Blur လုပ်ထားပါတယ်။

တကယ်လို့များ သင့်ကို မျက်မမြင်တစ်ယောက်က ငွေကြေးနဲ့ပတ်သက်ပြီး အကူအညီတောင်းလာခဲ့ရင်၊ သို့မဟုတ် အကြွေလဲဖို့ အကူအညီတောင်းလာခဲ့ရင် သင် သူ့ကို မလိမ့်တစ်ပတ်နဲ့ ငွေကို ကလိမ်ကျဖို့ ကြံမလား၊ အမှန်အတိုင်း ကူညီမလား … တကယ်လို့ ဒါဟာ ဘ၀အတွက် အရေးပါတဲ့ စာမေးပွဲဆိုရင် သင်ကော ရိုးရိုသားသားနဲ့ အောင်မှတ်ရမလားဆိုတာ သင့်ကိုယ်သင်သာ အသိဆုံး ဖြစ်မယ်ထင်ပါတယ်။

လင်းဇော်ကို (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE