ထုတ်ပြောဖို့ ခက်တဲ့ ကိုယ့်ခံစားချက်တွေကို သူဌေးသိအောင် ပြောပြ ပေးနိုင်တဲ့ လက်ပတ်

Image:freepik.com/macrovector/IG/moodbeamlife/

သူဌေး Boss ကို ကိုယ့် ရင်ထဲက ခံစားချက်တွေကို ပါးစပ် က နေ တိုက်ရိုက် ပွင့်ပွင့်လင်းလင်းကြီး ထုတ်ပြော ဖို့ ဆိုတာ အပြော လွယ်သလောက် တော် တော် လေး အလုပ် ခက် တယ်ဆိုတာကို လုပ်ငန်း ခွင် ၀င် နေတဲ့ သူတိုင်း သိကြမှာပါ။ဝန်ထမ်းဘ၀ ဆိုတာ မျိုးက လည်း ခံစားရသမျှ ထုတ်ပြော လို့ မဖြစ်နိုင်ပဲ မျို သိပ် နေရတဲ့ ဘ၀ မျိုးပါ။သူဌေး က ဘာအခက်အခဲတွေ ရှိလဲ မေးရင် တောင်မှ ဖြစ်ပျက်နေသမျှကို မျိုသိပ် ပြီး အဆင် ပြေ ပါ တယ်လို့ ပါးစပ် က နေ ညာ ပြော နေရတဲ့ ၀န်ထမ်း တွေ အများကြီးရှိပါတယ်။ကိုယ့်ရင်ထဲကို သူဌေး မြင်လာ အောင် ကူညီပေးနိုင် တဲ့ ပစ္စည်း တစ်မျိုး ထွက်ပေါ် လာပါပြီ။ဒီပစ္စည်းလေး အကြောင်းကိုတော့ BBC နဲ့ dailystar မှာ ဖော်ပြပေးထားတာပါ။

 

View this post on Instagram

 

A post shared by Moodbeam (@moodbeamlife)

 ပုံလေးကို ကြည့်လိုက်ရင် တော့ သာမန် လက်ပတ် လေး၊နှလုံးခုန်နှုန်းကို Tracking လိုက်တဲ့ ပစ္စည်းလေး လို့  ထင် ကောင်း ထင် ကြမှာပါ။တကယ် တော့ ဒါ လေး  Boss နဲ့ ကိုယ့်ရင် ဘတ်ကို ချိတ်ဆက် ပေးမယ့် ပစ္စည်းလေးပါ။ဒီပစ္စည်းလေးကို တော့ Moodbeam လို့ ခေါ် ပါတယ်။ကုမ္ပဏီ လုပ်ငန်းရှင် သူဌေး တွေ အနေနဲ့ ကိုယ်ဝန် ထမ်း တွေ ရဲ့ ခံစားချက် တွေကို Tracking လိုက် ချင်ရင် ဒါလေးကို သုံး လို့ ရပါတယ်။ဒါကို သုံးရင် တော့ ကိုယ့်ဝန်ထမ်းစိတ် ပျော် နေလား မပျော် ဘူး လား ဆိုတာကို သိနိုင် မှာပါ။

 

View this post on Instagram

 

A post shared by Moodbeam (@moodbeamlife)

ဒီပစ္စည်းလေးက တော့ App နဲ့ ချိတ် ဆက် အသုံးပြု ရတာပါ။သူ့မှာတော့ အ၀ါ နဲ့ အပြာ ရောင် ခလုတ် နှစ်ခု ပါပါတယ်။အ၀ါ ကို နှိပ်ရင် ပျော် နေတယ်၊အပြာကို နှိပ် ရင် တော့ ၀မ်းနည်း နေတယ်ဆိုတဲ့ အဓိပ္ပါယ် ပါ။ဒါလေးကို ဖန်တီးရတဲ့ ရည်ရွယ် ချက်က တော့ အခုလို ကိုဗစ် ကြောင့် Work From Home နေရတဲ့ အချိန် မှာ ကုမ္ပဏီ တွေ အနေနဲ့ ကိုယ့်ဝန်ထမ်းတွေ ရဲ့ စိတ်ခံစားချက် အနေ အထား ရော ဘယ်လို ရှိ နေလဲ ဆိုတာကို သိနိုင်ဖို့ အတွက် ပါ။အလုပ်လုပ်တဲ့ တစ်ပတ် တာ အတွင်းကိုယ့်ခံစားချက် ပျော်ရင် အ၀ါ၊ မပျော်ရင် အပြာကို လက်ပတ် ၀တ်ဆင်တဲ့ ၀န်ထမ်းက နှိပ် ပေးရုံပါပဲ။သူဌေး ဒါမှမဟုတ် သူတို့ တာဝန် ပေးထားတဲ့ မန် နေဂျာ တွေ က online dashboard ကေ န ၀န်ထမ်း တွေရဲ့ စိတ်ခံစား ချက် တွေကို ကြည့် လို့ ရမှာပါ။

 

View this post on Instagram

 

A post shared by Moodbeam (@moodbeamlife)

ဒါလေးက တော့ Work From Home နေရလို့ တစ်ယောက် တစ်ယောက် တိုက်ရိုက် လူချင်း တွေ့ ဆုံ Communication လုပ်ခွင့် မရတဲ့ ကိုဗစ် ကာလ နဲ့ တော့ လုံးဝ အံကိုက်ပါ။ Moodbeam ရဲ့ co-founder Christina Colmer McHugh က တော့ ဒါ လေးကို သုံးရင် တဲ့ Work From Home နေတဲ့ ၀န်ထမ်း အများကြီး နဲ့ အလုပ် လုပ် နေရတဲ့ ကုမ္ပဏီ တွေ အနေနဲ့ ၀န်ထမ်း ငါးရာရှိရင် အဆင် ပြေ ရဲ့ လား ဆိုပြီး တစ်ယောက် စီကို ဖုန်း ဆက် လိုက် မေး နေဖို့ မလို တော့ပဲ ၀န်ထမ်း ရဲ့ စိတ်ခံစားချက်တွေကို သိနိုင်မှာပါလို့  ပြောခဲ့ပါတယ်။ Christina က တော့ သမီး ဖြစ်သူက ကျောင်းမှာ အဆင်မပြေ ဖြစ်နေတာကိုသိခဲ့ကာ၊သမီးရဲ့ ခံစား ချက် တွေကို သိနိုင်မယ့် နည်းလမ်း ကို စဉ်းစားရင်း နဲ့ အခု လက်ပတ် လေးကို ဖန်တီး ဖို့ စိတ်ကူး ရခဲ့တာပါ။လက်ပတ်ကို တော့ ၂၀၁၆ တည်းက ကြော်ငြာ မိတ်ဆက် ပေးခဲ့ပြီးပါပြီ။ဆယ်ကျော်သက် ကလေး တွေ သူတို့ ခံစားချက်ကို မိဘ သိအောင် ဒါလေးကို သုံးပြီး ဖော်ပြ လို့ ရရင် ၀န်ထမ်းတွေ လည်း ကိုယ့် Boss ကို ဒါလေးနဲ့ ခံစားချက်ကို ပြလို့ ရမှာပဲ ဆိုပြီး သူမက စိတ်ကူး ရခဲ့တာပါ။

 

View this post on Instagram

 

A post shared by Moodbeam (@moodbeamlife)

#SHWEMOM

SHARE