မိန်းကလေးငယ်တစ်ဦးကို သရဲထုတ်နေတဲ့ဗီဒီယိုထွက်ပေါ်

သရဲဝင်ပူးနေတယ်ဆိုတဲ့ အထင်နဲ့ မိန်းကလေးငယ်တစ်ဦးကို ရက်ရက်စက်စက် သရဲထုတ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ဗီဒီယိုဖိုင်ထဲမှာတော့ မချိမဆန့်နာကျင်မှုဝေဒနာခံစားနေရတဲ့ မိန်းကလေးနဲ့ သူမအနားမှာ စုအုံနေတဲ့ လူအုပ်ကြီးတို့ ပါဝင်ပါတယ်။

unnamed-24-e1483400457976

မိန်းကလေးငယ်လေးရဲ့မိသားစုဝင်တွေက သူမကို သရဲပူးနေတယ်ဆိုတဲ့ အထင်နဲ့သရဲထုတ်နေကြတာဖြစ်ပါတယ်။ကြမ်းပေါ်မှာလူးလွန်နေပြီး နာကျင် လွန်းလို့ အော်ဟစ်နေပြီး၊ဘေးလူတွေကတော့ သူမကို မလှုပ်နိုင်အောင် အတင်းဖိညှပ်ထားပါတယ်။ဒီမြင်ကွင်းကို ဗီဒီယိုရိုက်တဲ့ အမျိုးသမီးတစ်ဦး ကတော့“ခရစ်ယာန်ဘုန်းတော်ကြီးကို ကြည့်ပါအုံး။ဒီဗီဒီယိုကို ကျမမှတ်တမ်း တင် ရိုက်ကူးထားတယ်။သူတို့က သူမအတွက် ဆုတောင်းပေးနေတယ်။ သူမကိုကြည့်လိုက်ပါအုံး။ဘယ်နေရာလဲဆိုတာကိုတောင်သိပုံမပေါ်ဘူးလို့”ပြောခဲ့ပါတယ်။

unnamed-25-e1483400440391

ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုတွေက အသက်ကြီးကြီး အမျိုးသမီးကို ခေါ်ပြီး မိန်းကလေးငယ်ထံ ပူးကပ်နေတဲ့ သရဲကို ထုတ်ခိုင်းတာလို့သိရပါတယ်။ဒီဗီဒီယို ဖိုင်ဟာ တောင်အမေရိကမှ ဖြစ်တယ်လို့ယူဆရပါတယ်။

unnamed-22-e1483400489792

Ref;Mirror

SHARE