PS5 ဘူးတွေထဲမှာ အိမ်သာသုံးပစ္စည်းတွေဖြစ်နေလို့ ပြဿနာတက်နေတဲ့ Amazon Uk

[email protected]_UK Amazon

မကြာသေးခင်အချိန်က ထွက်ရှိခဲ့တဲ့ PS5 ဂိမ်းစက်ဟာ လက်ရှိအချိန်မှာတော့ Gamer တော်တော်များများရဲ့ စိတ်အဝင်စားဆုံး ဂိမ်းစက်တစ်ခု ဖြစ်သလို ပစ္စည်းပြတ်လပ်တဲ့အထိကို အားပေးကြမ်းနေတဲ့ ဂိမ်းစက်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ကျိန်းသေတာတစ်ခုကတော့ preorder မှာယူထားတဲ့ လူတွေကလည်း ဒီအချိန်မှာ သူတို့မှာယူထားတဲ့ ဂိမ်းစက်ရောက်လာဖို့ကိုပဲ တော်တော်လေး မျှော်လင့်စောင့်စားနေကြမှာ အမှန်ပါပဲ။ ဒါပေမယ့် Amazon ကုမ္ပဏီရဲ့ မဆင်မခြင် လုပ်ရပ်တစ်ခုကြောင့် PS5 ဂိမ်းစက်ကို preorder မှာယူထားတဲ့ customer တွေခမျာမှာ တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ အကြောင်းကတော့ Amazon က PS5 မှာယူထားတဲ့ လူတစ်ချို့ဆီကို PS5 ဂိမ်းစက် ရောက်လာရမယ့်အစား အိမ်သာသုံးပစ္စည်းတွေသာ ရောက်လာခဲ့တာကြောင့်ဖြစ်ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အပေါ်ကပုံမှာ တွေ့ရတဲ့လူဆိုရင် PS5 ဂိမ်းစက်ကို Amazon ဆီက preorder မှာယူခဲ့တာပါပဲ။ ဒါပေမယ့် ပစ္စည်းရောက်လာတဲ့ အချိန်မှာတော့ သူမှာယူထားတဲ့ PS5 ဂိမ်းစက်မဟုတ်ပဲ အပေါစား အိမ်သာသုံး Airfyrer တစ်ခုသာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ UK နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေပါပဲ။ PS5 ဂိမ်းစက်ကို Amazon ဆီက preorder မှာယူထားတဲ့ လူတော်တော်များများဆီမှာ အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် PS5 ဂိမ်းစက်အစား ကြောင်စာတွေ၊ အိမ်သာသုံး တစ်ရှူးလိပ်တွေနဲ့ ခြေဖဝါး အနှိပ်ခံစက်တွေ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

READ
အပေါ်ယံတပ်မက်မူများ၊အချစ်စစ်လား ဘယ်လိုခွဲခြားရမလဲ?

 

“ကျွန်မဆိုရင် PS5 ဂိမ်းစက်ကို preorder မှာယူထားတာ ကြာပါပြီ။ လက်ရှိအချိန်ကလည်း COVID 19 ကပ်ရောဂါကြောင့် အိမ်မှာပဲနေနေရမယ့်အတူတူ PS5 ဆော့ပြီး စိတ်အပန်းဖြမယ့်ပေါ့။ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Amazon က လာပို့ပါတယ်။ စိတ်လှုပ်ရှားစွာနဲ့ box လေးကို ဖွင့်လိုက်တဲ့အချိန် အထဲမှာ အိမ်သာသုံး Airfryer ကြီးကို တွေ့လိုက်ရတယ်။ လူကကြောင်တောင်ကြောင်သွားတယ်။ တော်တော်လေး စိတ်ပျက်ဖို့ကောင်းတဲ့ မှားယွင်းမှုတစ်ခုပါပဲ”လို့ Bex April May လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးက သူ့ရဲ့ twitter အကောင့်မှာ ဖော်ပြခဲ့ပါတယ်။ ဒီလိုမျိုး ပစ္စည်းမှားယွင်းပေးပို့မှုကြောင့် customer တစ်ချို့က ရဲကိုဖုန်းဆက်တိုင်ကြားတဲ့အထိတောင် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

READ
မသင့်မြတ်တဲ့ မိဘတွေအကြား မြေဇာပင်ဖြစ်ခဲ့ရရှာတဲ့ အထက်တန်းကျောင်းသူလေး

 

Pyi Hein Kyaw

SHARE