သမုဒ္ဒရာ ရေပြင်ကြီးတွေက တော့ ကမ္ဘာကြီးရဲ့ (၇၀)ရာခိုင်နှုန်း ကျော် ကို ဖုံးလွှမ်း ထားပါတယ်။ဟိုးအရင် သမိုင်း တစ်လျောက် မှာတည်းက သမုဒ္ဒရာ ရေပြင်ကြီး တွေ က တော့ ပို့ ဆောင် ဆက်သွယ်ရေး၊ကုန်သွယ်ရေးနဲ့ တခြား ဖွဲ့ဖြိုးတိုးတက်မှုတွေ အတွက် အရမ်းကို အရေးပါပါတယ်။ရေနေသတ္တ၀ါ မျိုးစိတ် တွေ လည်း ကမ္ဘာ ပေါ်မှာ အများ ကြီး ရှိပါတယ်။အဲ့ဒီအထဲကမှ လူ အများစု မမြင်ဖူးကြသေးတဲ့ ရေဘ၀ဲ ရဲ့ ဦးခေါင်း အနီးကပ် ပုံတွေကို ဖော်ပြ ပေးချင်ပါတယ်။ ရေဘ၀ဲကြီးရဲ့ ဖောက်ထွင်းမြင်နေရတဲ့ ဦးခေါင်းကြီး ကို တိုင်ပေ အခြေစိုက် ဓါတ်ပုံဆရာ Wu Yung-sen က ရိုက်ကူးခဲ့ပါတယ်။ဒီအ ကြောင်းကို တော့ boredpanda မှာ ဖော်ပြထားပါတယ်။
View this post on Instagram
ရေဘ၀ဲ ကိုတော့ စားဖို့ ချက်ပြုတ်တဲ့ အခါမျိုးတွေမှာ အပြင်မှာ အကောင်လိုက် ကြီး မြင် ဖူး ကြ တယ်ဆို ပေမယ့် Wu Yung-sen ရဲ့ ဓါတ်ပုံေ တွ ထဲက လို အ နေအထားမျိုးနဲ့ တော့ မြင်ဖူး တဲ့သူက တော့ ရှားပါ တယ်။ Wu Yung-sen က တော့ ရေအောက် ဓါတ်ပုံဆရာ အဖြစ် ရပ်တည် လာတာ နှစ် ပေါင်း အတော် ကြာခဲ့ပါပြီ။တစ်နေ့မှာတော့ အခုလို မျိုး ရေဘ၀ဲသားလောင်းကို အမိုက်စားရိုက်ချက်တွေ နဲ့ ရိုက်ကူးဖို့ အခွင့်အ ရေး ရခဲ့ပါတယ်။သားလောင်း ရေ ဘ၀ဲရဲ့ ဦးခေါင်း ကိုတော့ ဘယ်လောက်ထိ ဖောက်ထွင်းမြင်နေရလဲ ဆိုရင် တော့ ဦးနှောက်ကိုပါ မြင် နေရပါတယ်။
View this post on Instagram
The Wunderpus တွေက တော့ ဓါတ်ပုံဆရာတွေ အတွက် တင်မဟုတ်ပဲ ခရီးသွားနဲ့ ငါးပြတိုက် တွေ အတွက် ပါ အရမ်းကို အရေးကြီးတဲ့ အခန်းက ဏ္ဍ မှာ ပါဝင် နေပါတယ်။ဒီမျိုးစိတ်ကိုတော့ လွန်ခဲ့တဲ့ (၁၉၈၀)လောက် တုန်းက စတင် တွေ့ရှိခဲ့ကာ ၂၀၀၆ မှာ တရားဝင် ဖော်ပြ ကြေညာခဲ့တာပါ။
View this post on Instagram
Wu Yung-sen က တော့ ရေအောက်မှာ ရှိတဲ့ တခြားအ ကောင်တွေ နဲ့ အမိုက်စား ရှုခင်းတွေ အများကြီးကို လည်း ရှေ့မှာ ရိုက်ကူး ခဲ့ဖူးပါတယ်။” blackwater photography ကို သူငယ်ချင်းတွေနဲ့ စကားပြောရင်း ကြားတဲ့ အချိန် က စပြီး ဒီလို ထူးခြားပြီး မတူတဲ့ နယ်ပယ် မှာ အလုပ်လုပ် မယ်ဆိုပြီး စိတ်ကူး ရခဲ့တာ ပါလို့ Wu Yang-sen က ပြောခဲ့ပါတယ်။”ဓါတ်ပုံရိုက်ဖို့ အတွက်က သတ္တ၀ါ တွေရဲ့ သဘာဝ တွေကို ပထမဆုံး လေ့လာ ရတယ်၊ အဲ့ဒီနောက်မှာတော့ ဘယ်လို Activity မျိုးက ဘယ်လို အနေအထား နဲ့ အဆင် ပြေ လဲ ဆိုတာကို နားလည် လာတယ်၊ဘယ်လို သတ္တ၀ါ မျိုးကို ဘယ်လို ဆွဲဆောင် မလဲ၊ကိုယ့်ကိုယ်ကို ဘယ်လို Safe ဖြစ်အောင် နေလဲ ဆိုတာကို ပါ သိလာတယ်..” လို့ ဆိုပါတယ်။
View this post on Instagram
ရေအောက်မှာ ဓါတ်ပုံသွားရိုက်တယ် ဆိုပေမယ့် ဘာမှ မပါ လာပဲ လက်ဗလာ နဲ့ ပြန်လာရတဲ့ နေ့ တွေ လည်း ရှိတယ်လို့ ဆိုပါတယ်။ Wu Yung-sen က တော့ ပုံမှန်အားဖြင့် ရေ အောက် အနက် ၁၅-၃၀ မီတာ တို့ မှာ ရိုက်ဖြစ် ကြောင်းနဲ့၊သူ့ရဲ့ Diving ပစ္စည်းတွေ ရဲ့ ကန့်သတ်ချက် ကြောင့် သူအနေနဲ့ အနက် ၄၅ မီတာ ထက် ပိုပြီး နက်တဲ့ နေရာ ကိုတော့ သွားဖို့ အဆင် မပြေ ဘူးလို့ ဆိုပါတယ်။သူကိုယ်တိုင်လည်း အမှောင်မ ကြောက်တတ်တဲ့ လူ မျိုး တော့ မဟုတ်ပေမယ့်လည်း ဒီ ကြောက်စိတ်ကို ထူးဆန်းတဲ့ အရာကို စူးစမ်းချင်တဲ့ စိတ်နဲ့ ကျော်လွှားတယ်လို့ Wu Yung-sen က ပြောခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
#SHWEMOM