ခရီးသွားဧည့်သည်တွေလာချင်အောင်ဆွဲဆောင်ဖို့ ကမ်ပိန်းလုပ်နေတဲ့ ဝူဟန်

Weibo Wuhan Culture and Tourism Bureau

ပထမဆုံး Covid-19 case တွေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကနဦးပြန့်ပွားရာနေရာလို့ ယူဆရတဲ့ တရုတ်နိုင်ငံက ဝူဟန်မြို့ဟာ အခုဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေကိုပြန်လည်ဆွဲဆောင်နိုင်ဖို့ ကမ်ပိန်းတစ်ခုပြုလုပ်နေကြောင်း independent သတင်းစာမျက်နှာအရ သိရပါတယ်။ ဝူဟန်မြို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပထမဆုံးဗိုင်းရပ်စ်တွေ့ရှိရာနေရာအဖြစ် မှတ်တမ်းတင်ခံခဲ့ရတာပါ။

ဝူဟန်ဟာ ဗိုင်းရပ်စ်ပြန့်ပွားရာ အချက်အခြာနေရာအဖြစ် သတ်မှတ်ခံရပေမယ့် တရုတ်နိုင်ငံ ဟူပေးပြည်နယ်မှာတော့ မေလ ၂၀၂၀ခုနှစ်ကစပြီး ဒေသတွင်းကိုဗစ်ကူးစက်မှုတွေကို မတွေ့ရတော့ပါဘူး။ အခုဆိုရင်တော့ ဝူဟန်ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဌာနကနေပြီး ခရီးသွားတွေကိုဆွဲဆောင်ဖို့ Let’s meet in Wuhan အမည်ရတဲ့ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

Weibo Wuhan Culture and Tourism Bureau

၎င်းဗီဒီယိုထဲမှာတော့ ဝူဟန်ရဲ့ပတ်ဝန်းကျင်ရှုခင်းနဲ့ မြို့က အထင်ကရ ဗိသုကာလက်ရာတွေ၊ အဓိကအဆောက်အဦးတွေကို ရိုက်ပြထားပါတယ်။ မြို့ရဲ့ယဉ်ကျေးမှုအကြောင်းအပြင် တေးဂီတပညာရှင်တွေ၊ ဘဲလေးအကပညာရှင်တွေလည်း ဗီဒီယိုထဲမှာ ပါဝင်ပါတယ်။ ဒါ့ပြင် ရေထဲမှာ အေးအေးလူလူနဲ့ လှေလှော်နေတာ၊ တောအုပ်လေးထဲက ကျောက်လှေကားပေါ်ကို တထစ်ချင်းတက်ပြီး ပျော်ရွှင်ချမ်းမြေ့နေတဲ့ မိသားစုနဲ့ အရာရာမှာ အေးဆေးနွေးထွေးနေပုံရတဲ့ မြို့သူမြို့သားတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

READ
နာမည်ကြီးပေါင်မုန့်ကို စိတ်ချလက်ချ ဝယ်မိကာမှ၊ ‘ဂျင်း’နဲ့မိလို့ စိတ်ဆိုးနေတဲ့ အမျိုးသမီး

မြင်ကွင်းတစ်ခုမှာဆိုရင်တော့ ညဘက်မီးရောင်စုံထွန်းညှိထားတဲ့မြို့ပြရဲ့နောက်ကွယ်မှာ မီးရှူးမီးပန်းတွေဖောက်နေတာလည်း မြင်ရပါတယ်။ ဗီဒီယိုထဲမှာ စကားပြောခန်းတွေမပါပေမယ့်  ဗီဒီယိုထဲပါလာတဲ့ သီချင်းတစ်ပုဒ်မှာတော့ “သင်ဟာ ဘယ်လောက်တောင်လှလိုက်လဲ။ ဝူဟန်ဟာ သူ့အလှကိုဖော်ပြတဲ့နေရာမှာ ကပ်စီးမနည်းပါဘူး။ ကျွန်ုပ်တို့ချစ်တယ်။ လူတွေလည်းနားလည်မယ်လို့မျှော်လင့်တယ်။” ဆိုတဲ့ အဓိပ္ပါယ်ပါ စာသားတွေကိုတွေ့ရပါတယ်။ ခရီးသွားလာရေးဌာနကတော့ Weibo မှာ “ဝူဟန်မှာ သင်နဲ့တွေ့ရဖို့ မျှော်နေမယ်။” ဆိုပြီးရေးသားထားကြောင်းလည်း သိရပါတယ်။

ShweMom

SHARE