ဝူဟန်ဗိုင်းရပ်စ်ကို တရားဝင်အမည် သတ်မှတ်လိုက်ပြီဖြစ်တဲ့ W.H.O

EPA

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးက ၀ူဟန်ဗိုင်းရပ်စ်လို့ လူသိများကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို Covid-19 အဖြစ် တရားဝင်အမည်သတ်မှတ်ခဲ့ကြောင်း BBC သတင်းအရ သိရပါတယ်။ Covid-19 ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူဦးရေ (၁) ထောင်ကျော်ရှိခဲ့ကာ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သောင်းနဲ့ချီ ရှိနေပါပြီ။

ဂျနီဗာမြို့မှာကျင်းပတဲ့ W.H.O အစည်းအဝေးကြီးမှာတော့ W.H.O မှ အကြီးအကဲ Tedros Adhanom Ghebreyesus က Covid-19 ကို အားလုံးပူးပေါင်းပြီး ခြေမှုန်းဖို့ ဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ဝေါဟာရဟာ ဗိုင်းရပ်စ်အုပ်စုတစ်စုကို ခေါ်ဝေါ်တာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဗိုင်းရပ်စ်မျိုးခွဲကော်မတီကတော့ ကိုရိုနာဗိုင်းရပ်စ်ကို SARS-COV-2 အဖြစ် သတ်မှတ်ခဲ့ပါသေးတယ်။

 

အခုအခါမှာတော့ သုတေသနပညာရှင်တွေက လက်ရှိကူးစက်ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အုပ်စုဝင် ဗိုင်းရပ်စ်မျိုးစိတ်သစ်ကို Covid-19 လို့ တရားဝင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ဟာ ပထ၀ီမြေအနေအထား၊ တိရစ္ဆာန်တစ်ကောင်ကောင်၊ လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ဖွဲ့ တို့နဲ့ မသက်ဆိုင်တဲ့ သီးခြားနာမည် ၊ နာမည်ထွက်လွယ်ပြီး ရောဂါနဲ့ဆက်စပ်မှုရှိတဲ့ နာမည်မျိုးကို ရှာရပါတယ်။ နို့မဟုတ်ရင် ဗိုင်းရပ်စ်နာမည်ကို အမျိုးမျိုး ခေါ်ကြတဲ့အတွက် သုတေသနဆောင်ရွက်မှုတွေမှာ မတိမကျဖြစ်မှာ စိုးရပါတယ်…” လို့ Tedros က ဆိုပါတယ်။

READ
ကားကို တစ်ခြမ်းစောင်းမာင်းနှင်ပြီး ပျော်နေကြတဲ့ ဆော်ဒီလူငယ်များ

Covid-19 ဆိုတဲ့ အမည်မှာ ကိုရိုနာ၊ ဗိုင်းရပ်စ်၊ ရောဂါဆိုတဲ့ ဝေါဟာရတွေကို ပေါင်းစပ်ထားတာ ဖြစ်ပြီး 19 ဆိုတာကတော့ ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ (၂၀၁၉) ခုနှစ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ Covid-19 ကူးစက်ခံရသူဦးရေ (၄၂,၂၀၀) ရှိပြီဖြစ်ကာ (၂၀၀၂-၂၀၀၃) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားစ်ကူးစက်ရောဂါဖြစ်ပွားသူဦးရေကိုတောင် ကျော်လွန်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ ဟူးပေးပြည်နယ်တစ်ခုထဲတင် လူ(၁၀၃) ဦး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် သေဆုံးသူ (၁,၀၁၆) ဦး ရှိနေပါပြီ။

ဒါပေမယ့်လည်း လက်ရှိသိရတဲ့ သတင်းတွေအရ တရုတ်မှာ Covid-19 ကူးစက်ပြန့်နှံ့မှုဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ (၂၀) ရာခိုင်နှုန်းထိ လျော့သွားခဲ့တယ်လို့ သိရပါတယ်။ Covid-19 ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး သတင်းတွေကို သိုသိပ်ထားလို့ တရုတ်အာဏာပိုင်တွေဟာ ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပါတယ်။ ကြောက်စရာကောင်းလောက်အောင် ပြန့်နှံ့နှုန်းမြန်တဲ့ ဗိုင်းရပ်စ်အကြောင်း ရှေးဦးစွာ အသိပေးခဲ့တဲ့ ဆရာဝန်ကြီး သေဆုံးတဲ့အကြောင်းကိုလည်း အာဏာပိုင်တွေက ဖုံးဖိထားတဲ့အတွက် လူထုကြီးဟာ များစွာ အမျက်ထွက်ခဲ့ကြပါတယ်။ ဘေကျင်းမှာတော့ ကူးစက်ရောဂါကို ထိန်းချုပ်ဖို့ ထိထိရောက်ရောက်မဆောင်ရွက်ခဲ့တဲ့ ထိပ်ပိုင်းအရာရှိတော်တော်များများကိုလည်း မကြာခင်ကပဲ ရာထူးက ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။

READ
ချစ်စရာကောင်းတဲ့ မျက်နှာနဲ့  ဆက်စီBodyကြောင့် နာမည်ကြီးနေတဲ့ ဂျပန်မလေး

လင်းလင်း (ShweMom)

SHARE