ရွာမှာ အရမ်းကိုပျော်နေတဲ့ ပရိသတ်တွေရဲ့ အချစ်တော် ဝတ်မှုန်ရွှေရည်

we love wutt hmone shwe yi facebook

ပရိသတ်တိုင်းချစ်ကြတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတာဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ပြင်ဆင်မှုတွေကို ဖြုံဘူးရွာမှာ ပြုလုပ်နေတာဖြစ်ပါတယ်။

wutt hmone shwe yi facebook

သူမကတော့ အင်စတာဂရမ်မှာလည်း ဓါတ်ပုံတွေကို တင်ပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သူမရဲ့ ဖေစ်ဘုတ်ကနေ တစ်ဆင့် ဖြုံဘူးရွာလေးအကြောင်းကိုပြောထားပြီး အရမ်းကို ပျော်နေတဲ့အကြောင်းကို ပိုစ့်တင်ထားပါသေးတယ်။

wutt hmone shwe yi facebook
wutt hmone shwe yi facebook

ဝတ်မှုန်ရွှေရည် ဘယ်လောက်အထိ ပျော်နေလဲဆိုတာကိုတော့ ဒီဗီဒီယိုလေးမှာ ကြည့်လိုက်ရင်တွေ့ရမှာပါ။ ကလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ဗီဒီယိုလေးကို ဖေါ်ပြပေးလိုက်ပါတယ်။

“ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်”ဇာတ်ကားမှာတော့ ဝတ်မှုန်ရွှေရည်နဲ့အတူ ဒေါင်း၊ထူးအောင်၊မအေးသောင်းတို့လည်းပါဝင်မှာဖြစ်ပါတယ်။

အယ်မလေး😂ချစ်စရာကြီး#creditpar#

Posted by We Love Wutt Hmone Shwe Yi – Ma Kit on Wednesday, 17 July 2019

Source:We Love Wutt Hmone Shwe Yi – Ma Kit facebook

SHARE