သမင်လည်ပြန် ငေးကြည့်ရလောက်အောင် လှနေတဲ့ ဝတ်မှုန်ရွှေရည်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အဆက်မပြတ်ဆောင်ရွက်နေရတဲ့ သူမက လတ်တလောမှာလည်း စကာင်္ပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Hugo Boss ရဲ့ ဆိုင်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသေးတယ်။

ဝတ်မှုန်ရွှေရည်ကတော့ ဒီပွဲကို အရမ်းကို ဆွဲဆောင်မှုရှိလွန်းတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ တက်လာခဲ့တာဖြစ်ပြီး သူမရဲ့ ပုံရိပ်လေးတွေကတော့ မီးရောင်အောက်မှာ အရမ်းကို တောက်ပလွန်းနေပါတယ်။ ပရိသတ်တွေကတော့ ဝတ်မှုန်ရွှေရည်ရဲ့ ပုံရိပ်လေးတွေကို အရမ်းကို သဘောကျနေကြပါတယ်။

ဒီပွဲကိုတော့ ဝတ်မှုန်ရွှေရည်နဲ့အတူ ခီဇနီးမောင်နှံတို့ကလည်း တက်ရောက်ခဲ့တာပါ။ အခြားသော ကမ္ဘာကျော် အနုပညာရှင်တွေလည်း ဒီပွဲကို တက်ရောက်ခဲ့ကြပါတယ်။

မြင်သူတိုင်းငေးကြည့်ရလောက်အောင်လှနေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi

SHARE