မြန်မာ/ကိုရီးယားနှစ်နိုင်ငံပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့် ဝတ်မှုန်ရွှေရည်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ထပ်ဆင့် အကယ်ဒမီရှင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ လက်ရှိအချိန်မှာလည်း “လိပ်ပြာစံအိမ်” ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ ဝတ်မှုန်ရွှေရည်ကတော့ သူမရဲ့ ချစ်ပရိသတ်တွေအတွက် ဂုဏ်ယူရစေမယ့် အကြောင်းအရာလေးတစ်ခုကို စပရိုက်လုပ်လိုက်ပါပြီ။

ဝတ်မှုန်ရွှေရည်ကတော့ ဒါရိုက်တာ စင်ရော်မောင်မောင် ခံစားတင်ပြမယ့် ကိုရီးယား/မြန်မာပူပေါင်းရိုက်ကူးတော့မယ့် ရုပ်ရှင်ကားမှာ မြန်မာကိုယ်စားပြုအနုပညာရှင်တစ်ယောက်အဖြစ်ပါဝင်တော့မှာဖြစ်ပါတယ်။ ဒေါက်တာမိုးနီလွင်၏ ဝတ္ထု၊ ဇာတ်ညွှန်းကို ကိုရီးယားနိုင်ငံက နိုင်ငံတကာ အဆင့်မှီ ထုတ်လုပ်ရေးအဖွဲ့တွေနဲ့ ပူပေါင်းပြီး ရိုက်ကူးမှာဖြစ်ပါတယ်။

ရိုက်ကူးမှုကိုတော့ ကိုရီးယားနိုင်ငံမှ ဆိုးလ်၊ ဘူဆန်နှင့် အခြားမြို့ကြီး များ၊ မြန်မာနိုင်ငံမှ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ပုဂံမြို့များနှင့် ရှမ်းပြည်နယ် အင်းလေးဒေသမှာသာမက ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာလည်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်မှုကို ဦးတည်ပြီးတော့ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

READ
ငယ်ငယ်ထဲက အားပေးခဲ့ရတဲ့ အနုပညာရှင်နဲ့ အတူ ရှိုးလျှောက်ခွင့်ရခဲ့လို့ ပျော်နေတဲ့ ဂျေနော်

ရုပ်ရှင်ကားရဲ့ နာမည်ကတော့ “တစ်ခါကဆောင်း” ဖြစ်ပြီး ကိုရီးယားနိုင်ငံက မင်းသားတစ်ယောက်နဲ့ မြန်မာနိုင်ငံက မင်းသားတစ်ယောက် ထပ်ပြီးတော့ ရွေးချယ်သွားမှာဖြစ်ပါတယ်။ အားပေးဖို့ အဆင်သင့်ပဲလား ပရိသတ်ကြီးရေ။.

Source: lovers of wutt hmone shwe yi, zin yaw maung maung

SHARE