အဖြူရောင်လေးနဲ့ ဆက်စီဆန်ပြီး ပြစ်မျိုးမဲ့မထင် လှလွန်းနေတဲ့ ၀တ်မှုံရွှေရည်

fb page/ wutt hmone shwe yee

ဝတ်မှုံရွှေရည်ကတော့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားတဲ့ ၀ါရင့်သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်ပြီး ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာနဲ့အားပေးမှုတွေကို အပြည့်အ၀ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အခုနောက်ပိုင်း ရင့်ကျက်တည်ငြိမ်တဲ့အလှနဲ့ သူမရဲ့မိမိုက်လွန်းတဲ့ ဖက်ရှင်တွေကြောင့် ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို လုံးဝဖမ်းထားထားလျက်ရှိပါတယ်။

fb page/ wutt hmone shwe yee

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် ဖေ့ဘွတ်ပေါ်မှာ အမြဲတင်ပေးလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ ၀တ်မှုံရွှေရည်က  ကမ္ဘာကျော် ပြင်သစ်ကား brand တစ်ခုဖြစ် တဲ့ Peugeot ရဲ့ Grand Opening ကို တက်ရောက်ဖြစ်ခဲ့တဲ့ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ အဖြူရောင်ရောင် ရင်ခံလေးအပေါ်က ပါးရှပ်ရှပ်အဖြူရောင်အင်္ကျီလေးနဲ့ ခဲရောင် bling bling စကပ်လေးကိုဝတ်ဆင်ထားပြီး နီညိုရာင်နှုတ်ခမ်းနီလေးကိုဆိုးထားတဲ့အတွက် သူမရဲ့ဖြူဖွေးတဲ့အသားအရေနဲ့ လိုက်ဖက်ညီလွန်းပြီး ဆက်စီဆန်ဆန်လှနေပါတယ်။

fb page /wutt hmone shwe yee
fb page/ wutt hmone shwe yee
fb page/ wutt hmone shwe yee
fb page/ wutt hmone shwe yee

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ပုံရိပ်လေးတွေကို

“ကမ္ဘာကျော် ပြင်သစ်ကား brand တစ်ခုဖြစ် တဲ့ Peugeot ရဲ့ Grand Opening ကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ကစ် အရမ်းကြိုက်တဲ့ brand ရဲ့ official launch ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြား ခံရပြီးတက်ရောက်ခွင့်ရတဲ့ အတွက်ရော တကယ်ကို ၀မ်းသာဂုဏ်ယူမိပါတယ်။ Safety ပိုင်းလည်း စိတ်ချရတယ် ။Design လည်းအရမ်းလှလို့ ကစ် အစကတည်းက သဘောကျခဲ့တဲ့ brand တစ်ခု ဖြစ်တဲ့ Peugeot လည်း မြန်မာနိုင်ငံမှာအခုထက် ပိုမိုအောင်မြင်သော brand တခု အဖြစ် ရပ်တည်နိုင်ပါစေလို့ ❤️

#wutthmoneshweyi
#PeugeotGrandOpening
#PeugeotMyanmar
#SuperSevenStars ” ဆိုတဲ့ caption လေးနဲ့ တင်ပေးထားပါတယ်။

ကမ္ဘာကျော် ပြင်သစ်ကား brand တစ်ခုဖြစ် တဲ့ Peugeot ရဲ့ Grand Opening ကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ကစ် အရမ်းကြိုက်တဲ့…

Posted by Wutt Hmone Shwe Yi on Sunday, January 19, 2020

ဝတ်မှုံရွှေရည်ကတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး အခုလောလောဆယ်မှာတော့ “မြတ်နု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုးနဲ့ တွဲဖက်ညီညီ ပါဝင်သရုပ်ဆောင်ထားပါတယ်။ လူငယ်တစ်ယောက်နဲ့ လူကြီးတစ်ယောက်ရဲ့ အသက်အရွယ်ကွာခြားမှုကနေ ပေါက်ဖွားလာတဲ့ အချစ်တစ်ခုအကြောင်းကို ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်ပါတယ။် ၀တ်မှုံကတော့ ဒီကားထဲမှာ ချစ်စဖွယ်ကလေးအမှုအရာလေးတွေနဲ့ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။ “မြတ်နု” ဇာတ်ကားကြီးကိုတော့ ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ ပရိသတ်ကြီး သွားရောက်အားပေးလိုက်ကြပါဦးနော်…

မြက်နုရုပ်ရှင်ဇာတ်ကားကြီး (Intro Video)

အချစ်နဲ့တွေ့မှ ပြန်ငယ်သွားတဲ့ "လူကြီး" တစ်ယောက်အကြောင်း….(သို့)အချစ်နဲ့တွေ့မှ ရင့်ကျက်လာတဲ့"ခလေး"တစ်ယောက်အကြောင်း…..သူတို့နှစ်ယောက်တွေ့ဆုံမှုရဲ့Intro Video Clip💕💕💕🌿🌿🌿🍎🍎🍎#မြက်နုရုပ်ရှင်ဇာတ်ကားကြီး#InTheatersJanuary_23

Posted by Mingalar Cinemas on Wednesday, 1 January 2020

Source : Wutt Hmone Shwe Yee Facebook Page

READ
ကင်ဆာဖြစ်နေတဲ့ အသက်(၃)နှစ်သားလေးအတွက် Moana သီချင်းဆိုပြခဲ့တဲ့ The Rock

Eaint Thet

SHARE