ကျန်းမာရေးဝန်ထမ်းတွေ အတွက် အသက်အာမခံအလှူမှာ ပါဝင်ပေးဖို့ ၀တ်မှုံရွှေရည် တောင်းဆို


ဝတ်မှုံရွှေရည် ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း နာမည်ကြီး မင်းသမီးတွေ ထဲက တစ်ယောက်ပါ။ သူမ ကတော့ သရုပ်  ဆောင်တဲ့ နေရာမှာ တင် တော်တာ မဟုတ်ပဲ ဖက်ရှင်ပိုင်းမှာ ပါ အမြင်ရှိတဲ့ ဖက်ရှင် မင်းသမီးအဖြစ် အသိအမှတ်ပြု ခံ ထားရသူပါ။ မင်းသမီးချော ၀တ်မှုံ ရွှေရည်ကတော့ COVID-19 ကာကွယ်တားဆီး ရေးလုပ်ငန်းတွေ မှာလည်း သူမ တတ် နိုင် တဲ့ ဘက်က နေ ပါဝင် ကူညီပေးခဲ့သူပါ။ အခုလည်း ကျန်းမာရေးဝန်ထမ်းတွေ ကို အသက် အာမခံ အလှူ လုပ် သွားဖို့ စီစဉ် နေပါတယ်။


ဒီအလှူ မှာတော့ အားလုံး လည်း တစ်နိုင် တစ်ပိုင် ပါဝင် ပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီ Post ကို ဝေမျှ လိုက် ရတာ ပါလို့ ဆိုပါတယ်။ အသက် အာမခံကိုတော့ ဖောင်ကြီး ဆေးရုံမှာ ရှိတဲ့ ကျန်းမာရေး ၀န်ထမ်း တွေ အတွက အသက် အာမခံ အဖြစ် တစ်ဦးကို တစ်သောင်းနဲ့  အ ယောက် (၄၀၀) လုပ် ပေးသွားမှာပါ။ ဒါမှ တစ်ခုခု တစ်စုံ တစ်ရာ ဖြစ်ခဲ့ရင် အဲ့ဒီ ကျန်းမာရေးဝန်ထမ်းက အသက် အာမခံ (၁၀) သိန်းရရှိနိုင်မှာပါလို့ လည်း ပြောထားပါတယ်။ ပါဝင်လှူ ဒါန်း ချင်သူတွေ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် နဲ့ ငွေ လှူ ဖို့ အ ကောင့်တွေ ကိုပါ ဝေမျှ ပေးထားပါတယ်။

READ
သူငယ်ချင်း Yoo Yeon Seok ကို ၀န်းရံပေးလိုက်တဲ့ Lee Kwang Soo

“ဒီနေ့ post လေးကတော့ ကစ် sharing လုပ်ချင်တဲ့ အလှူ လေးတခုအကြောင်းပါ။ ကစ်တို့စုပေါင်းပြီး လှူဒါန်းရအောင် အဲဒါကြောင့် စိတ်ပါ၀င်စားလို့ ပါ၀င်လှူဒါန်းချင်ပါကမချစ်အိမ်သူ Chit Aein Thu
၀၉၈၈၅၀၂၂၂၀၉

KBZ Bank 02130199930508601
AYA Bank 008020101016563
Wave Money 095022209
KBZ Pay 095022209

Image:Fb/Wutt Hmone Shwe Yi

ထံသို့ဆက်သွယ်ပြီးလှူလို့ရပါတယ်နော် ကိုယ်နိုင်သလောက် ၀န်လေးကို မျှထမ်းကြဖို့ ရည်ရွယ်ရင်း ဒီ post လေးကို တင်ပေးလိုက်တာပါ။ကစ်တို့အခုလှူမယ့်ဆေးရုံကတော့ Covid လူနာတွေကိုအဓိကထားမယ့် ဖောင်ကြီး ဆေးရုံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်း အယောက် ၄၀၀ အတွက် လိုအပ်တဲ့ အသက်အာမခံ ကျန်းမာရေးဝန်ထမ်း ၁ဦးအတွက် ၁၀,၀၀၀ ကျပ်ကြသင့်မှာဖြစ်ပြီး ၊အကယ်၍ထိုကျန်းမာရေးဝန်ထမ်းမှာတစ်စုံတစ်ခုဖြစ်ပေါ်သွားခဲ့ပါက ၁၀ သိန်း ရရှိ မှာဖြစ်တဲ့အတွက် အားလုံးလှူရတာပိုပြီးထောက်ပံ့ရာရောက်ပါတယ်။ ကျန်းမာရေးဝန် ထမ်းများအားလုံးအားလေးစားလျက်…” ဆုိၿပီး ၀တ္မႈံ ရွှေရည် က သူမရဲ့ Fb မှာ တင်ထားပါတယ်။

READ
နောင်တစ်ချိန်မှ တော်ဝင်အမွေ ဆက်ခံကြမယ့် မင်းသားမင်းသမီးလေးများ

Source:Fb/Wutt Hmone Shwe Yi

SHARE