အိုကီနာဝါ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အရမ်းကို လှနေတဲ့ အလှနတ်သမီးလေး ဝတ်မှုန်ရွှေရည်

ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ အကယ်ဒမီ မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ ပြီးခဲ့တဲ့နှစ်ကလည်း ဂျပန်နိုင်ငံနဲ့အတူ တွဲဖက်ရိုက်ကူးတဲ့ “ဇာတိမြေ” ဇာတ်ကားကြီးကတော့ မြန်မာပရိသတ်တွေကြားမှာ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ လက်ရှိမှာ ဂျပန်နိုင်ငံကို ရန်အောင်နဲ့အတူ ရောက်ရှိနေတာဖြစ်ပြီး အိုကီနာဝါ နိုင်ငံတကာရုပ်ရှင်ပွဲတောက်ကို တက်ရောက်နေတာဖြစ်ပါတယ် ။ အမြဲလှနေတဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပန်းဆီရောက်ပွဲတက်ဝတ်စုံလေးနဲ့ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ရွှေကစ်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် အိုကီနာဝါရုပ်ရှင်ပွဲတော်က ကစ်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi

SHARE