ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့တဲ့ ဝတ်မှုန်ရွှေရည်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေတိုင်းရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ သူမရဲ့ မအားမလပ်တဲ့ အနုပညာအလုပ်တွေကြားက ပရိသတ်တွေနဲ့ အတူ တွေ့ဆုံခဲ့ပါသေးတယ်။ ဝတ်မှုန်ရွှေရည်ကတော့ “ကစ်မနေ့က Viber Myanmar ကစီစဉ်ပေးတဲ့ Fan Meet လေးမှာရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ ချစ်ပရိသက်တွေနဲ့ မဆုံတာကြာတော့ ပျော်လည်းပျော် နောက်ပြီး စကားတွေလည်း အများကြီးပြောလိုက်တယ်။ ကစ်လည်း အလုပ်တွေပိနေတော့ အချစ်တွေနဲ့ သိပ်မတွေ့ရဘူး။ နောက်လည်းစီစဉ်နိုင်အောင် ကြိုးစားပါ့မယ်။ ဆက်လည်းချစ်ပေးပါဦးနော်။” လို့ရေးထားပြီး ပရိသတ်တွေနဲ့ တွေ့ဆုံပွဲက ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေနဲ့ တွေ့ဆုံရလို့ အရမ်းကို ပျော်နေတယ်ဆိုတာ ဓါတ်ပုံလေးတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ပရိသတ်တွေအရမ်းချစ်တဲ့ ဝတ်မှုန်ရွှေရည်ကို အခုထက်ပိုပြီး အများကြီး ချစ်ပေးလိုက်ကြပါဦးနော်။

READ
(၂)နှစ်ကြာ ဆိုရှယ်မီဒီယာကနေ ပျောက်ကွယ်သွားတဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ Selena Gomez

Source: Wutt Hmone Shwe Yi

SHARE