မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် အောင်မြင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပြည်တွင်းမှာသာမက ပြည်ပမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ သူမကတော့ ပွဲတွေလည်း ဆက်တိုက် တက်ရောက်နေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတာဖြစ်ပါတယ်။



ဒီကနေ့မှာလည်း သူမရဲ့ ပွဲတက်ပုံရိပ်တွေကို ဖေစ်ဘုတ်ပေါ်ကနေတစ်ဆင့် မျှဝေပေးလိုက်ပြန်ပါပြီ။ ဝတ်မှုန်ရွှေရည်ကတော့ ရွှေနန်းတော် ရတနာဆိုင်ရဲ့ ကံစမ်းမဲပွဲတော်ကြီးကို တက်ရောက်ပေးခဲ့တာဖြစ်ပါတယ်။ စိန်ရတနာတွေကို တဖိတ်ဖိတ်တောက်ပနေအောင် ဝတ်ဆင်ထားတဲ့ ဝတ်မှုန်ရွှေရည်ကတော့ အနက်ရောင် ပွဲတက်ဝတ်စုံလေးနဲ့ ရိုးရိုးရှင်းရှင်းလေး လှနေလွန်းပါတယ်။



ပရိသတ်တွေအတွက် ဝတ်မှုန်ရွှေရည်ရဲ့ ဓါတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။ ဝတ်မှုန်ရွှေရည်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “မြက်နု” ကတော့ မကြာခင်ပြသတော့မှာဖြစ်လို့ ကြည့်ရှုအားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။
Source: Wutt Hmone Shwe Yi