ပရိသတ်တွေ ကြွေသွားစေမယ့် ဆန်းကြယ်ရဲ့ ဓါတ်ပုံတွေတင်လိုက်တဲ့ ဝတ်မှုန်ရွှေရည်

နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေတိုင်းရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာလည်း နေခြည်ဦး၊နေမင်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ” ရန်သူ” ဇာတ်ကားကတော့ ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတာဖြစ်ပါတယ်။

ယောကျာ်းလေးပုံစံနေတဲ့ ဆန်းကြည်ဆိုတဲ့ မိန်းကလေးနေရာကနေ သရုပ်ဆောင်ထားတ့ ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေမမှတ်မိလောက်အောင်ကို သူမရဲ့ ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ေ်ဆာင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

ဆန်းကြည်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဝတ်မှုန်ရွှေရည်က သူမရဲ့ ဖေစ့်ဘုတ်ပေါ်မှာ “ဆန်းကြယ် ရဲ့ အမှတ်တရများ” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဆန်းကြယ်ရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi

SHARE