WWE ကြိုးဝိုင်းထဲ ဝင်လာတဲ့လူကို သတ်ပုတ်ပြီးမှ လူမှားမှန်း သိလိုက်ရတဲ့ လုံခြုံရေးအဖွဲ့

YouTube/WWERaw

ကမ္ဘာကျော်လူကြိုက်များတဲ့ WWE Raw ပွဲစဉ်တစ်ခုမှာ ပွဲလုံခြုံရေးတွေဟာ ကြိုးဝိုင်းပေါ် တက်လာခဲ့သူတစ်ဦးကို ပရိသတ်က ကျူးကျော်ဝင်ရောက်တယ်ထင်ပြီး လုံးထွေးသတ်ပုတ်ခဲ့ကြပါတယ်။ နောက်မှ သူတို့ လူမှားပြီး လုပ်လိုက်မိမှန်း သိခဲ့ကြတာပါ။ တကယ်တော့ အဲဒီလူဟာ WWE ပွဲစဉ် ခေတ္တနားတဲ့အချိန်လေးမှာ လက်ထပ်ပွဲတစ်ခုအတွက် ဘုန်းတော်ကြီးအဖြစ် ငှားရမ်းထားသူ ဖြစ်နေပါတယ်။

လက်ထပ်ပွဲကတော့ နပန်းလောကမှာ နာမည်ကြီးတဲ့ Bobby Lashley နဲ့ Lana တို့ရဲ့လက်ထပ်ပွဲပါ။ သူတို့ဟာ ၎င်းတို့ ကျင်လည်ခဲ့ရာ ကြိုးဝိုင်းစင်မြင့်ထက်မှာသာ မင်္ဂလာပွဲဆင်နွှဲဖို့ စီစဉ်ကြတာဖြစ်ပြီး၊ ဘုန်းတော်ကြီးအဖြစ် ငှားရမ်ထားသူကတော့ သရုပ်ဆောင် Rick Malone ဖြစ်နေပါတယ်။ သူ ကြိုးဝိုင်းအတွင်း ရောက်ရောက်ချင်း လုံခြုံရေးနှစ်ယောက်က ဝိုင်းဝန်းတိုက်ခိုက်တာကို ခံလိုက်ရတာပါ။

YouTube/WWERaw

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၆)ရက်နေ့ည WWE’s Monday Night Raw မှာ ဖြစ်ခဲ့တာပါ။ AJ Styles နဲ့ Akira Tozawa တို့ရဲ့ သတ်ပုတ်ပွဲအပြီးမှာ အနိုင်ရရှိခဲ့တဲ့ AJ တစ်ယောက် ကြိုးဝိုင်းပေါ်ကဆင်းပြီး အောင်ပွဲခံနေချိန်မှာ စင်ပေါ်ရောက်လာတဲ့ Rick ကို လုံခြုံရေးတွေက ဝိုင်းပြီးသမခဲ့တာဖြစ်ပါတယ်။ Rick ဟာ သူရဲ့လက်ထဲက ကျမ်းစာအုပ်ကိုပြပြီး၊ သူဘယ်သူဆိုတာ ရှင်းပြဖို့အထိ ကြိုးစားခဲ့ရပါတယ်။

READ
လမ်းဘေးခြုံထဲထိုးဆင်းပြီးပျက်ဆီးခဲ့ရတဲ့ ပေါင်(၂)သိန်းတန် Ferrari
YouTube/WWERaw

ဒီအကြောင်းကို Rick Malone ကိုယ်တိုင်က သူရဲ့တွစ်တာမှာလည်း ပြန်လည်မျှဝေခဲ့ပါတယ်။ သူ့အနေနဲ့ ဒီလို တိုက်ခိုက်ခံရမှုဖြစ်ခဲ့ပေမယ့် Bobby Lashley နဲ့ Lana တို့ပျော်ရွှင်နေတာကို မြင်တွေ့ရခဲ့တယ်လို့ သိပါတယ်။ လူမှုကွန်ရက်သုံးတဲ့ WWE ပရိသတ်တစ်ဦးကတော့ “ ဟုတ်တယ် ငါတို့လည်း ပရိသတ်တစ်ယောက်က နှောက်ယှက်တာလို့ မြင်နေတာ ”လို့ ရေးခဲ့ပါတယ်။

 

တကယ်တော့ ဒီလို အဖြစ်အပျက်မျိုးမဖြစ်အောင် တာဝန်ရှိသူတွေနဲ့ ကြိုတင်တိုင်ပင်ထားတာမျိုး၊ လုံခြုံရေးတွေကို ကြိုတင် အသိပေးထားတာမျိုးတွေ လုပ်သင့်ပါတယ်။ မဟုတ်ရင် တစ်ဖက်လူမှာ အသက်အန္တရာယ်တောင် ရှိနိုင်တဲ့သဘောပါ။ အခုလည်း Bobby တို့ လက်ထပ်ပွဲ အထမြောက်ခဲ့ပေမယ့် Rick တစ်ယောက် ကံကောင်းလို့ ဆိုးဆိုးရွားရွား ဒဏ်ရာမရခဲ့တာ ဖြစ်ပါတယ်။

လင်းသူရိန်

SHARE