X Men ရုပ်ရှင်ကားအားလုံးထဲမှာ ၀င်ငွေအနည်းဆုံး ဖြစ်လာဖွယ်ရှိနေတဲ့ Dark Phoenix

X-Men: Dark Phoenix ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ထွက်ရှိလာခဲ့ပြီး box office မှာတော့ အဖွင့်မလှခဲ့ဘူးဆိုရပါလိမ့်မယ်။ အကြောင်းကတော့ ရုပ်ရှင်ဈေးကွက်မှာ ပွဲဦးထွက် ရက်သတ္တပတ်အနေနဲ့ အမေရိကန် ဒေါ်လာ ၁၄ သန်းသာ ရရှိခဲ့ပြီး အရင်းတောင်မကြေခဲ့ပါဘူး။ Dark Phoenix ကို ရိုက်ကူးဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ အကုန်ကျခံထားဖြစ်ပါတယ်။

ဒါ X-Men ရုပ်ရှင် သမိုင်းမှာတွေထဲမှာ အဆိုးဆုံး အဖွင့်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တယ်။ Simon Kinberg ရိုက်ကူးပြီး Sophie Turner, Jean Grey, James McAvoy, Jennifer Lawrence တို့လို့ အကျော်အမော်တွေ ပါဝင်ကြတဲ့တိုင် မျှော်လင့်သလောက် အတိုင်းအတာကို မရောက်ခဲ့ပါဘူး။

READ
ပုံအမိုက်စားတွေနဲ့ အသည်းယားအောင် လုပ်လိုက်တဲ့ နွယ်န်ွယ်ထွန်း

https://www.instagram.com/p/ByYhA7hnCjr/

Variety ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ သောကြာနေ့ ယူအက်စ်မှာ ၁၄ သန်းရရှိပြီး ပိတ်ရက်တွေမှာ ၃၄ သန်း အထိ ရရှိဖို့ မျှော်လင့်ထားခဲ့ကြတယ်လို့ သိရပါတယ်။ အခုရုပ်ရှင်ကို ရိုက်ဖို့ ဘတ်ဂျတ် သန်း ၂၀၀ ကျော် မြှုပ်နှံခဲ့တဲ့  20th Century Fox အတွက်လည်း ဒီ ရလဒ်က သိပ် စိတ်ကျေနပ်စရာမကောင်းခဲ့ပါဘူး။

Dark Phoenix ဟာ လက်ရှိမှာ The Secret Life of Pets 2 ရဲ့ နောက်မှာ ရပ်တည်နေပါတယ်။ ၄င်းဟာ ပိတ်ရက်မှာ ၄၆.၁ သန်းထိ ရရှိဖို့ မျှော်လင့်ထားကြောင်း သိရတယ်။

READ
သမီးငယ်လေးကို ဆံပင်ခရမ်းရောင်ဆိုးပေးလိုက်မိနောက် အဝေဖန်ခံနေရတဲ့ ပင့်ခ်

Matthew (ShweMOM)

SHARE