ကြောက်စရာလား ချစ်စရာလားဆိုတာ အွန်လိုင်းပေါ် အငြင်းပွားနေကြတဲ့ X-ray

instagram/AndyRichter

ခွေးဘီလူးတစ်ကောင်ရဲ့ အိပ်စ်ရေးပုံတစ်ပုံဟာ အွန်လိုင်းပေါ် ပြန့်လာပြီးနောက် ဆိုရှယ်မီဒီယာပေါ်က လူတွေက ၄င်းပုံနဲ့ ပတ်သက်လို့ အမျိုးမျိုး ပြောနေပါတယ်။ တချို့ကျတော့လည်း ချစ်စရာကောင်းလိုက်တာ ၊ တချို့ကျတော့လည်း ကြောက်စရာကြီး စသဖြင့် အမျိုးမျိုး ပြောနေကြတာကို standard ၀က်ဆိုက်ဒ်မှာ တွေ့ခဲ့တာပါ။

ခွေးဘီလူးရဲ့ အိပ်စ်ရေးပုံကိုတော့ အမေရိကန်ဟာသပညာရှင်တစ်ဦးဖြစ်တဲ့  အန်ဒီရစ်ခ်ျတာက တွစ်တာပေါ် ရှဲခဲ့တာ ဖြစ်ပါတယ်။ သူက “ကျွန်တော့် သူငယ်ချင်းရဲ့ ခွေး တိရစ္ဆာန်ဆရာဝန်ဆီ သွားတဲ့အခါ….” ဆိုပြီး ရိုးရိုးတန်းတန်း caption တပ်ထားခဲ့တာပါ။

အန်ဒီရဲ့ ခွေးဘီလူးအိပ်စ်ရေးပို့စ်ဟာ (၂၄) နာရီ အကျော်လေးတင် like (၁) သိန်း ကျော်လောက် ရရှိခဲ့တာပါ။ လူတွေကတော့ ပုံဟာ ရယ်ရသလား ကြောက်စရာကောင်းလားဆိုတာကို ဝေဖန်နေကြပါတယ်။ အန်ဒီရဲ့ ဓာတ်ပုံကို လူတော်တော်များများက သူတို့ခွေးတွေကို ရိုက်ကူးထားတဲ့ MRI စကန်ပုံတွေနဲ့ အသီးသီး တုံ့ပြန်ခဲ့ကြပါတယ်။

အများစုကတော့ ဟာသအမြင်ဘက်ကနေပြီး တုံ့ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ တိရစ္ဆာန်ဆရာဝန်တစ်ဦးကတော့ “မျက်လုံးနှစ်လုံးပါတဲ့ ဦးနှောက်စကန်ကို မြင်ရတာ ပထမဆုံးပဲ…” လို့ သဘောကျစွာ ပြောခဲ့တာ ဖြစ်ပါတယ်။ အိပ်စ်ရေးပုံတင်ပြီး နောက်ထပ် နာရီအနည်းငယ်အကြာမှာတော့ အန်ဒီဟာ ခွေးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဓာတ်ပုံအသစ်တစ်ပုံကို ထပ်တင်ခဲ့ပါသေးတယ်။

၎င်းဓာတ်ပုံကတော့ အိပ်စ်ရေးပိုင်ရှင် ခွေးပုံပဲ ဖြစ်ပါတယ်။  အန်ဒီက “ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို ပြောလိုက်တယ်။ သူ့ခွေးရဲ့အိပ်စ်ရေးပုံကို လူတော်တော်ကြိုက်ကြတယ်လို့….” လို့ ပြောပြပါတယ်။ အန်ဒီတင်တဲ့ ဓာတ်ပုံအသစ်ထဲမှာတော့ မာနကြီးသလို ၀င့်ကြွားတဲ့ပုံစံမျိုးနဲ့ တွေ့ရတဲ့ ခွေးတစ်ကောင်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ခွေးရဲ့ အမည်ကိုတော့ privacy ကြောင့်  အန်ဒီက သူမအကောင့်ထဲမှာ မဖော်ပြထားပါဘူး။

လင်းလင်း (ShweMom)

SHARE