၂၀၂၀ နှစ်ကုန်ပိုင်းမှာ ထွက်လာတော့မယ် Xbox ဂိမ်းစက်သစ် Project Scarlett

၂၀၁၉ ဇွန်လ ၉ ရက်နေ့တုန်းကတော့ Microsoft ကုမ္ပဏီကနေ Xbox ဂိမ်းစက်အသစ် ထွက်ရှိလာတော့မယ့်အကြောင်း အသေးစိတ် ကြေညာခဲ့ပါတယ်။

Xbox အသစ်ထွက်လာမယ့် ကာလကတော့ ၂၀၂၀ နှစ်ကုန်ပိုင်းလို့ သိရပြီး ဒီနောက်ဆုံးပေါ် generation ရဲ့ နာမည်ကိုတော့ Project Scarlett လို့ ပေးထားပါတယ်။ ယခင် Xbox တွေထက် ဘယ်လိုသာအောင် အဆင့်မြှင့်ထားလဲဆိုရင်တော့ (၁) ဂိမ်းရဲ့ loading လုပ်တဲ့ အချိန်တွေ အများကြီး ပိုမြင်လာမယ်၊ (၂) processing အားတွေ တအားမြင့်လာပြီး လက်ရှိထွက်ပြီးသား generation တွေနဲ့ လုံးဝကို ကွဲထွက်နေမယ်၊ (၃) ဂိမ်းစက်ကို အဆင်ပြေပြေ သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားမယ် လို့ ကြေညာထားပါတယ်။

Microsoft

ဂိမ်းတွေရဲ့ resolution အနေနဲ့ တီဗီတော်တော်များများမှာတောင် မရနိုင်သေးတဲ့ 8K resolution နဲ့ ကစားနိုင်မှာပါ။ ဒါ့အပြင် ဗီဒီယိုဂိမ်းတွေမှာ ကာလာနဲ့ အလင်း အရမ်းအထွက်ကောင်းစေတဲ့ “ray tracing” နည်းပညာကိုလည်း အသုံးပြုထားပါတယ်။ ယခု Project Scarlett ဟာ Xbox One X ထက် ၄ ဆ စွမ်းဆောင်ရည် မြင့်မှာဖြစ်ပါတယ်။

READ
၂၀၁၆ ခုနှစ်အတွင်းမှာ ပေါ်ထွက်ခဲ့တဲ့ နည်းပညာ ပစ္စည်းဆန်းများ
Microsoft

Project Scarlett နဲ့အတူ ထွက်ရှိလာမှာကတော့ “Halo Infinite” ဂိမ်း ဗားရှင်းအသစ် ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ Xbox ကနေ တရားဝင် ထွက်ရှိထားပြီဖြစ်တဲ့ Project Scarlett ကို မိတ်ဆက်တဲ့ ဗီဒီယိုရော၊ Halo Infinite ရဲ့ ဗီဒီယိုကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်

SHARE