ဗုဒ္ဓဟူးနေ့တုန်းက တရုတ်နိုင်ငံသမ္မတ Xi Jinping ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိသူ ထွက်ပေါ်လာအပြီး နှစ်ပတ်အကြာ အရွေးချယ်ခံ ဒီမိုကရက်တစ်သမ္မတ Joe Biden ကို ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ CNN သတင်းစာမျက်နှာအရ သိရပါတယ်။
“တရုတ်-အမေရိကန်ဆက်ဆံရေးကို ကောင်းမွန်တည်ငြိမ်အောင် မြှင့်တင်ဖို့ဟာ နှစ်ဘက်စလုံးရဲ့အကျိုးစီးပွားအတွက်တင်မကပါဘူး။ အပြည်ပြည်ဆိုင်ရာလူအဖွဲ့အစည်းရဲ့ မျှော်မှန်းချက်နဲ့ တွေ့ဆုံဖို့လည်းဖြစ်ပါတယ်။ နှစ်ဘက်စလုံးမှာ ပဋိပက္ခမရှိ၊ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိဘဲ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေးစားပြီး နှစ်ဖက်လုံးအကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မျိုး မျှော်လင့်ပါတယ်။ အငြင်းပွားမှုတွေကို စီမံထိန်းချုပ်တဲ့နေရာမှာလည်း ပူးပေါင်းပါဝင်ဖို့ အာရုံစိုက်ကြရမယ်။” လို့ Xi ကသဝဏ်လွှာထဲမှာ ဖော်ပြခဲ့ပါတယ်။
View this post on Instagram
Xi ဟာ သမ္မတထရမ့်က အရှုံးပေးဖို့ငြင်းဆိုနေပေမယ့် အရွေးချယ်ခံသမ္မတ Biden ရွေးကောက်ပွဲအနိုင်ရရှိတာကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ကမ္ဘာခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်လာပါတယ်။ ရုရှားသမ္မတ Vladimir Putin ကတော့ Biden ကိုအခုထိ ဝမ်းမြောက်ကြောင်းသဝဏ်လွှာမပို့ပေးသေးပါဘူး။
View this post on Instagram
နိုဝင်ဘာလ ၁၃ရက်တုန်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကလည်း Xi ရဲ့အမည်ကိုမဖော်ဘဲ Beijing ဟာ Biden နဲ့ ဒုသမ္မတ Kamala Harris တို့ကို ဂုဏ်ပြုပါတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်ကတော့ အမေရိကန်ရွေးကောက်ပွဲရလဒ်ဟာ အမေရိကန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သေချာအောင်လေ့လာစိစစ်ရမယ်လို့လည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။ တရုတ်နိုင်ငံဒုသမ္မတ Wang Qishan ကလည်း ဗုဒ္ဓဟူးနေ့(၂၅.၁၁.၂၀၂၀)တုန်းက Harris ဆီ ဂုဏ်ပြုသဝဏ်လွှာပို့ခဲ့တယ်လို့လည်း Xinhua သတင်းအရ သိရပါတယ်။
ShweMom