Xiaomi ကနေ မိတ်ဆက်လိုက်တဲ့ နောက်ဆုံးပေါ် folding phone

တရုတ်ဖုန်းကုမ္ပဏီ Xiaomi ကနေ ကုမ္ပဏီရဲ့ ပထမဆုံး ထုတ်လုပ်မယ့် ကွေးခေါက်နိုင်တဲ့ folding phone ထွက်ရှိတော့မယ့်အကြောင်း teaser ဗီဒီယိုနဲ့တကွ ကြေညာလိုက်ပါတယ်။ (၁)မိနစ်နီးပါးစာ ဗီဒီယိုကိုတော့ ကုမ္ပဏီ ဥက္ကဌ Lin Bin က Weibo မှာ တင်ခဲ့တာပါ။

Weibo

Device ကို tablet ကနေ စမတ်ဖုန်း ပြောင်းလဲလို့ရအောင် အစွန်း ၂ ဖက်လုံးကနေ ခေါက်လိုက်နိုင်တာတွေ့ရပြီး နည်းပညာလောကမှာ ကြေညာထားတဲ့ အခြား folding device တွေနဲ့ ယှဉ်ရင် ပိုလက်တွေ့ကျကျ အသုံးပြုလို့ရနိုင်ပုံလည်း ပေါ်ပါတယ်။

ဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ Xiaomi ကနေ မကြေညာထားသေးဘဲ ဗီဒီယိုထဲမှာ တွေ့ရတာကတော့ ဈေးကွက်ထဲ မရောက်ခင်တစ်ဆင့် နောက်ဆုံးအဆင့် စမ်းသပ်ထားတဲ့ မော်ဒယ်ဖြစ်ပါတယ်။ Xiaomi ရဲ့ ယခု folding phone ဟာ Mi အသုံးပြုသူတွေအတွက် operation system ဖြစ်တဲ့ MIUI ကို အဆင့်မြှင့်ပေးထားပြီး screen ကွေးတဲ့ နည်းပညာနဲ့ four-wheel drive folding shaft နည်းပညာတို့ရဲ့ အခက်အခဲတွေအကုန်လုံးကိုလည်း ဖြေရှင်းပေးထားပါတယ်။

READ
သင်RSမှာဘာမှမရွေးထားလဲ သင်Singleဖြစ်နေတာကိုအလိုလျောက်သိနေတဲ့Facebook
Weibo

Teaser မှာတော့ ဗီဒီယိုဖွင့်ထားရင်းနဲ့ကို tablet ကနေ ဖုန်းအဖြစ်သို့ ခေါက်ကာ ပြောင်းလဲနိုင်ကြောင်း တွေ့ရပါတယ်။

Weibo

Xiaomi ရဲ့ folding phone ကတော့ Samsung နဲ့ Royole တို့ကနေ ထွက်လာမယ့် folding phone တွေနဲ့ ဈေးကွက်ထဲမှာ အပြိုင်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ Huawei နဲ့ Lenovo တို့ကလည်း အလားတူဖုန်းမျိုးတွေ ထုတ်လုပ်မယ်လို့ ကြေညာထားပါသေးတယ်။

Ref: The Verge

SHARE