In-display fingerprint sensor ကို ထူးခြားစွာ အဆင့်မြှင့်တင်တော့မယ့် Xiaomi

ပြီးခဲ့တဲ့ ၂၀၁၈ မှာ screen အပြည့်နဲ့ စမတ်ဖုန်းတွေထဲ in-display fingerprint sensor တွေ အတော်ကို ခေတ်စားလာခဲ့ပါတယ်။ Display ထဲမှာတင် fingerprint သုံးနိုင်တဲ့ ထိုစနစ်ကို Oppo, Vivo, Huawei, Xiaomi စတဲ့ တရုတ်ဖုန်းကုမ္ပဏီတွေက ထည့်သွင်းခဲ့ကြပါတယ်။ အခုအခါမှာတော့ Xiaomi ကနေ ထို in-display fingerprint sensor ကို ဖုန်းမှာ ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်အောင် အဆင့်မြှင့်တင်လိုက်ပါပြီ။

Xiaomi

မကြာသေးခင်ကပဲ Xiaomi ရဲ့ တွဲဖက်တည်ထောင်သူ Bin Lin က Weibo မှာ ၎င်းကုမ္ပဏီရဲ့ in-display fingerprint sensor စနစ်သစ်ကို နမူနာပုံစံ ပြထားတဲ့ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ အောက်မှာ ကြည့်,ကြည့်ပါ။

တွေ့ရတဲ့အတိုင်း Xiaomi က မိတ်ဆက်လိုက်တဲ့ in-display fingerprint ဟာ fingerprint ဖတ်ပေးတဲ့နေရာကို အများကြီး ကျယ်သွားအောင် ပြုလုပ်ပေးထားပြီး အများစုကြုံတွေ့ရတဲ့ fingerprint ဖိလို့နေရာ ကျဉ်းတဲ့ ပြဿနာကို ဖြေရှင်းပေးထားတာပါ။ OnePlus 6T နဲ့ Huawei Mate 20 Pro တို့မှာဆိုရင် fingerprint က တစ်နေရာမှာပဲ အသုံးပြုနိုင်ပါတယ်။ ဒါဟာ နေရာအတိအကျကို ဖိဖို့ သိပ်အလုပ်ရှုပ်ပြီး ဖုန်းကို မကြည့်ဘဲနဲ့လည်း ဖွင့်လို့မရဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ Xiaomi အနေနဲ့ ဒီအခက်အခဲကို ဖြေရှင်းလိုက်တာလည်း ဖြစ်ပါတယ်။

READ
ကိရိယာတွေကို လက်ဟန်နဲ့ အဝေးကထိန်းချုပ်နိုင်မယ့် Google ရဲ့ နည်းပညာသစ် 
Xiaomi

Bin Lin တင်ထားတဲ့ ပို့စ်အရတော့ Xiaomi ဖုန်းအသစ်မှာ ပါဝင်လာမယ့် in-display fingerprint စနစ်ဟာ 25mm x 50.2mm အတွင်းမှာ fingerprint ထောက်လို့ရပါတယ်။ လက်ရှိဈေးကွက်ထဲက in-display fingerprint sensor တွေထက် များစွာကျယ်ပြန့်တဲ့ ဧရိယာပမာဏပါ။ Fingerprint ကို ဖုန်း screen ရဲ့ နေရာမရွေးမှာ ထောက်နိုင်အောင် လုပ်ပေးလိုက်တာပါ။

အသုံးပြုသူတွေသာ စိတ်ကျေနပ်မယ်ဆိုရင် Xiaomi ကနေ ထုတ်လုပ်မယ့် အနာဂတ် ထုတ်ကုန်တွေမှာ ထို fingerprint စနစ်ကို ထည့်သွင်းသွားဖို့ ရည်ရွယ်ထားကြောင်း Bin Lin ရဲ့ ပို့စ်အရ သိရပါတယ်။

Ref: Android Authority, The Verge

SHARE