ဘယ်မှာမှမထုတ်သေးတဲ့ ဆယ်ဖီကင်မရာဒီဇိုင်းသစ်ကို စမ်းသပ်နေပြီဖြစ်တဲ့ Xiaomi

ဒီနိုင်ငံမှာလည်း လူသုံးများ ကျော်ကြားတဲ့ ဖုန်း brand ဖြစ်တဲ့ Xiaomi ကတော့ ဇွန်လဆန်းမှာ ကြေညာချက်တစ်ခု ထုတ်ခဲ့ပါတယ်။ အနာဂတ်မှာ ထုတ်လုပ်မယ့် ဖုန်းမော်ဒယ်အသစ်တွေမှာ ဆယ်ဖီကင်မရာဒီဇိုင်းကို အသစ်ထွင်ထားမှာ ဖြစ်တဲ့အကြောင်းပါ။

ပုံစံက ဘယ်လိုဖြစ်မလဲဆိုတော့ ဖုန်း display ပိုင်းကို screen အပြည့် လုပ်ထားမှာ ဖြစ်ပြီး အရှေ့ဘက်က ဆယ်ဖီကင်မရာကို screen အောက်ဘက်မှာ မြှုပ်ထားမယ့် ဒီဇိုင်းဖြစ်ပါတယ်။ တွေ့မြင်နေကျ ဆယ်ဖီကင်မရာတွေလို ဖုန်းအရှေ့ဘက်မှာ အပေါက်နဲ့လည်းမဟုတ်၊ ခုနောက်ပိုင်း ဖုန်းအချို့လိုမျိုး slide နဲ့ ထုတ်ရတာမျိုးတောင် မဟုတ်တော့ဘဲ လုံးဝမြှုပ်လိုက်တာ ဖြစ်ပါတယ်။

Xiaomi ရဲ့ စီနီယာ ဒုဥက္ကဌ ဝမ်ရှန်းကတော့ ဇွန်လ ၃ ရက်နေ့က သူ့ရဲ့ တရားဝင်တွစ်တာအကောင့်ကနေ ဆယ်ဖီကင်မရာ မြှုပ်ထားတဲ့ Xiaomi ဖုန်းက ဘယ်လိုအလုပ်လုပ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြထားခဲ့ပါတယ်။ ဆယ်ဖီကင်မရကို ဖုန်းရဲ့ အပေါ်ထပ်ဘက်မှာ မြှုပ်ထားမှာ ဖြစ်ပြီး ကင်မရာကို အုပ်ထားတဲ့ မှန်ဟာ အလင်းပြန်နှုန်းနည်းတဲ့ ပါးလွှာတဲ့ မှန်အလွှာ ဖြစ်ပါတယ်။

READ
iPhoneမှာ မပါတဲ့ Samsung Galaxy S7ရဲ့ Feature ၄ ခု
Twitter
Twitter
Twitter
Twitter

ဆယ်ဖီကင်မရာကို ဖွင့်လိုက်ချိန်မှာ ကင်မရာကိုအုပ်ထားတဲ့ မှန်က အလင်းဝင်လို့ရတဲ့ အကြည်လွှာပုံစံ အဖြစ်ပြောင်းသွားမှာ ဖြစ်ပါတယ်။ ထိုမှန်အလွှာက ကင်မရာကို မြှုပ်ထားရုံ နေရာသက်သက်မဟုတ်ဘဲ ကင်မရာရဲ့ မှန်ဘီလူးအဖြစ်ပါ အလုပ်လုပ်ပေးမှာလည်း ဖြစ်ပါတယ်။ အဆိုပါ ဆယ်ဖီကင်မရာ အမျိုးအစားနဲ့ စမတ်ဖုန်းတွေကိုတော့ Xiaomi ကနေ ဈေးကွက်ထဲ ဘယ်တော့ဖြန့်ချိမလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

Shwemom

SHARE