လူထွားကြီးဘဝမှ ဆက်ဆီကျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကာ မော်ဒယ်ဖြစ်သွားခဲ့တဲ့အမျိုးသမီး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ Dominique Montgomery ဆိုသူ အမျိုးသမီးဟာ အခုဆိုရင် အသက် (၂၁) နှစ်ရှိနေပြီဖြစ်ပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သူမဟာ အရင်တုန်းကတော့ လျှောက်လှမ်းပေါ်မှာ လမ်းလျှောက်တဲ့ မော်ဒယ်တစ်ဦးဖြစ်ချင်ပေမယ့် အခုအချိန်မှာတော့ personal trainer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေပါတယ်။

Dominique

Dominique ဟာ အရင်တုန်းက အခုလိုမျိုး ကျန်းမာသန်စွမ်းပြီး ချပ်ရပ်တဲ့ ခန္ဓာကိုယ်မရှိခဲ့ပါဘူး။ သူမဟာ ပေါင် (၂၁၄) ပေါင်အထိ ဝဖူးခဲ့သူတစ်ဦးပါ။

အနောက်နိုင်ငံမှာ နေတဲ့အတွက် fast food တွေကို နေ့တိုင်းနီးပါးစားနေခဲ့တဲ့ ဆယ်ကျော်သက်လေးတစ်ဦးဖြစ်ခဲ့ပါတယ်။ တစ်ခါတစ်ခါစားရင် ဘာဂါတွေ၊ အာလူးကြော်၊ ကြက်ကြော်တို့ကို စုံနေအောင် စားလေ့ရှိပြီး အချိုတည်းတဲ့အနေနဲ့ သောက်တဲ့မစ်ရှိတ်ဟာလည်း သူ့တစ်ခုတည်းနဲ့ကို ကယ်လိုရီ ၁၀၀၀ လောက် ရှိခဲ့ပါတယ်။

Dominique

ပျမ်းမျှချင်း Dominique တစ်ရက်တစ်ရက်စားတဲ့ အစားအစာတွေဟာ ကယ်လိုရီ ၅၀၀၀ တောင်ကျော်လောက် ရှိပါတယ်။ ဆယ်ကျော်သက်အရွယ်ရဲ့ ဖြစ်တတ်သမျှ စိတ်အလိုမကျမှုတွေ၊ အဆင်မပြေမှုတွေ၊ ကျရှုံးမှုတွေတိုင်းဟာ သူမ ဝနေလို့ဖြစ်ခဲ့ရတာဆိုပြီး စိတ်ဓာတ်ကျခဲ့ပါတယ်။ ယုံကြည်မှုဆိုတာ လုံးဝမရှိတော့ဘဲ လူရှေ့ထွက်ဖို့တောင် စိုးရွံ့လာတယ်လို့ ဆိုပါတယ်။

READ
စားဖိုမှူးလက်ကနေ အသက်ကို ကာကွယ်ဖို့ ဓားသိုင်းချခဲ့တဲ့ ဂဏန်းလေး

ဘောလုံးပွဲသွားကြည့်တုန်းကဆိုရင်လည်း တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ရဲ့ အစားအသောက်နဲ့ပစ်ပေါက်ခြင်းကို ခံခဲ့ရတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။ သို့ပေမယ့် အဲဒီလိုအနှိမ်ခံနေခဲ့ရတာတောင်မှ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ဆုံးဖြတ်ချက်တွေ မခိုင်မာခဲ့သေးပါဘူး။

Dominique

သူမဘဝကို လုံးဝပြောင်းလဲစေခဲ့တဲ့ နေ့တစ်နေ့ရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ အဲဒီနေ့က သူမရဲ့ကိုယ်အလေးချိန်ကြောင့် အသက်ဘေးကျခဲ့ရတဲ့ နေ့ပါ။ ပင်လယ်ကမ်းခြေကို သူငယ်ချင်းတွေနဲ့ ခရီးထွက်ခဲ့ပါတယ်။ ပင်လယ်ထဲရေကူးနေတုန်း ရုတ်တရက်မြင့်တက်လာတဲ့ လှိုင်းလုံးကြီးကို မြင်တဲ့အခါ Dominique အပါအဝင် ရေထဲရှိနေကြတဲ့ လူအကုန်လုံး နီးစပ်ရာကျောက်ဆောင်ပေါ်သို့ ရေကူးခဲ့ကြပါတယ်။

Instagram

ဒါပေမယ့် Dominique ရဲ့ ခန္ဓာကိုယ်ဟာ အလေးချိန် များလွန်းတဲ့အတွက် ကျောက်ဆောင်နားကို သူများတွေထက် နောက်ကျမှရောက်ခဲ့ရပါတယ်။ ရေထဲကနေ ကျောက်ဆောင်ပေါ်တက်ဖို့ကျပြန်တော့လည်း ပေါင် ၂၀၀ ကျော်တဲ့ သူမခန္ဓာကိုယ်ကို ကိုယ့်ကိုယ်ကို မနိုင်ခဲ့ပါဘူး။ ကျောက်ဆောင်ပေါ် ရှိနေကြတဲ့ လူတွေက သူမကို လှမ်းဆွဲတင်ပေးခဲ့ကြပေမယ့် ခန္ဓာကိုယ်ကို မနိုင်တာကြောင့် ရေထဲမှာပဲ ရှိနေခဲ့ပါတယ်။ သူမ ရှိနေတဲ့အနား လှိုင်းလုံးကြီး ပုတ်ချလိုက်တဲ့အချိန်မှာတော့ Dominique  ဟာ ရေနစ်သွားခဲ့ပါတယ်။

READ
၂၅ ကားမြောက် ဂျိမ်းစဘွန်းရုပ်ရှင် ရိုက်ကွင်းပေါ်မှာ အကြီးစားပေါက်ကွဲမှုဖြစ်ပွား

ကံအရမ်းကောင်းလို့သာ အသက်မသေဘဲ ရေပဲ နစ်ခဲ့ရတာပါ။ အဲဒီနေ့ကပြီး ဝရင် ဘယ်မရာမှ မကောင်းဘူးဆိုတာကို သိသွားခဲ့ပြီး အလေးချိန်လျှော့ချတော့မယ်လို့ ဆုံးဖြတ်ချက်ချကာ အခုလို ကျစ်လစ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။

Instagram

သူမရဲ့ဇာတ်လမ်းလေးကို ချပြကာ အဝလွန်နေတဲ့ လူတိုင်းကို အားပေးခဲ့ပါတယ်။ အခုဆိုရင် သူမကိုယ်တိုင်ဟာလည်း ကိုယ်အလေးချိန်လျှော့ချပေးတဲ့ trainer တစ်ယောက်အဖြစ် လုပ်ကိုင်နေပါတယ်။ အဝလွန်ပြီး ပြန်ကျစ်လစ်သွားတဲ့အတွက် တွဲကျနေတဲ့ အရေပြားတွေကိုတော့ ဒေါ်လာ (၆၀၀၀) အကုန်ခံပြီး ပြန်ချုပ်ရဦးမှာပါ။ အဲဒီအတွက်လည်း ကြိုးစားပြီး ငွေစုနေပါတယ်တဲ့။

Instagram

Source: Mirror

Penny

SHARE