TC Candler ရဲ့ကမ္ဘာ့အလှဆုံးမိန်းကလေးအဖြစ် ရွေးချယ်ခံရတဲ့ အစ္စရေးမော်ဒယ်လေး

instagram/yaelshelbia

အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့ Yael Shelbia ဟာ ဗြိတိသျှလူမျိုး ရုပ်ရှင်ဝေဖန်ရေးဆရာ TC Candler က နှစ်စဉ်ရွေးချယ်တဲ့ ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင်အယောက်၁၀၀စာရင်းထဲ ဗိုလ်စွဲခဲ့တယ်လို့ dailymail သတင်းအရ သိရပါတယ်။ အစ္စရေးသူတစ်ဦးဖြစ်တဲ့ Shelbia ဟာ လက်ရှိမှာတော့ အမေရိကန်ဘီလျံနာသူဌေးကြီး Sumner Redstone ရဲ့မြေးဖြစ်သူ အသက်၃၆နှစ်အရွယ် Brandon Korff နဲ့တွဲနေပါတယ်။

Shelbia ဟာ Kim Kardashian ရဲ့ KKW Beauty နဲ့ Kylie Jenner ရဲ့ skincare ထုတ်ကုန်တွေအတွက်လည်း မော်ဒယ်လုပ်ခဲ့ပါသေးတယ်။ Shelbia ဟာ FINNEY ဖုန်းအတွက် နာမည်ကျော်ဘောလုံးသမား Lionel Messi နဲ့အတူ ကမ်ပိန်းလုပ်ခဲ့ပါသေးတယ်။ ၂၀၂၀ခုနှစ်ရဲ့ ကမ္ဘာ့အလှဆုံးမိန်းကလေးအဖြစ် အရွေးချယ်ခံရပေမယ့် အားလုံးက သူမကို ဆုမွန်ကောင်းတောင်းပေးကြတာမဟုတ်ဘဲ မလိုတမာသူတွေလည်းရှိနေတယ်လို့ Shelbia က ဆိုပါတယ်။

 

View this post on Instagram

 

A post shared by Yael Shelbia (@yaelshelbia)

သူမကိုမုန်းတီးသူတွေနဲ့ပတ်သက်လို့တော့ Shelbia က “ကျွန်မ လူတော်တော်များများဆီက အားပေးထောက်ပံ့မှုတွေ၊ အချစ်တွေကိုရပါတယ်။ ကျွန်မကိုပိုးပန်းတဲ့စာတွေလည်းရသလို ကျွန်မကို မကောင်းပြောတဲ့စာတွေလည်း ရပါတယ်။ Hater တွေပြောနေကျစကားကတော့ လူအာရုံစိုက်ရလောက်အောင် ဘာမှလည်းမဟုတ်ဘူးတဲ့။” Shelbia က သူမအနေနဲ့ အခုလိုပြိုင်ပွဲထဲပါနေခဲ့တာ မသိခဲ့ကြောင်းနဲ့ အမျိုးသမီးအားလုံးဟာ လှပကြောင်း၊ ကြင်နာရိုးသားပြီး အကောင်းမြင်စိတ်ရှိသူမှန်သမျှဟာ လှပတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Yael Shelbia (@yaelshelbia)

တကယ်လို့ ကိုဗစ်တားမြစ်ကန့်သတ်ချက်တွေဖြေလျှော့လာခဲ့ရင် သူမက အမေရိကန်နဲ့ ဥရောပကိုလည်း သွားလည်ဦးမယ်လို့ သိရပါတယ်။ ရည်းစားဖြစ်သူ Brandon နဲ့တော့ တွဲနေတာ တစ်နှစ်လောက်ရှိပြီဖြစ်ကာ အချစ်ရေးကလည်း သာသာယာယာပါ Shelbia ဟာ အစ္စရေးနိုင်ငံမြောက်ပိုင်းက Orthodox ဂျူးမိသားစုကနေ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ သူမ အသက်၁၆နှစ်မှာတော့ သူမရဲ့ အင်စတာဂရမ်ပုံတွေကို ဒေသခံဓာတ်ပုံဆရာတစ်ယောက်ကမြင်ပြီး ဓာတ်ပုံရိုက်ဖို့ကမ်းလှမ်းခဲ့ရာကနေ မော်ဒယ်လောကထဲရောက်လာခဲ့တာဖြစ်ကြောင်းလည်း dailymail အရ သိရပါတယ်။

 

View this post on Instagram

 

A post shared by Yael Shelbia (@yaelshelbia)

ShweMom

SHARE