Yamaha က ဖန်တီးထုတ်လုပ်လိုက်တဲ့ ခေတ်သစ်ဓာတ်စက်အကြောင်း

တစ်ခေတ်တစ်ခါတုန်းက ရေပန်းစားခဲ့တဲ့ အရာတွေကို ယခုခေတ်မှာ အဆင့်ပြန်မြှင့်ပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ များစွာရှိနေပေမယ့် ပုံစံတူတိုင်း အသုံးပြုရ အဆင်မပြေတာတွေလည်း ရှိတတ်ပါတယ်။ ယခုအခါမှာတော့ Yamaha က ဒီအားနည်းချက်ကိုပါ ဖြေရှင်းပေးထားပြီး product တစ်မျိုး ထုတ်ထားပါတယ်။

digitaltrends

ဓာတ်ပြားစက်တွေကို မီလိုက်သူတွေနဲ့ ဓာတ်ပြားစက်နဲ့ သီချင်းဖွင့်ရတဲ့ အရသာကို ခံစားဖူးချင်သူတိုင်းအတွက် Yamaha ကနေ ခေတ်သစ်ဓာတ်ပြားစက်ကို ထုတ်လုပ်ထားတာပါ။ MusicCast Vinyl 500 ဓာတ်စက်လို့ အမည်ပေးထားပါတယ်။

digitaltrends

၎င်းဓာတ်စက်နဲ့ သီချင်းတွေ ဖွင့်ဖို့ကိုတော့ ဓာတ်ပြားတွေ လိုမှာမဟုတ်ဘဲ မော်ဒန် အသံချဲ့စက်တွေ၊ စပီကာတွေနဲ့ ချိတ်ကာ ဖုန်းကတစ်ဆင့် ဖွင့်လို့ ရနိုင်ပါတယ်။

အရင်ဆုံး set-up လုပ်ရမှာကတော့ ဓာတ်စက်ကို Yamaha ရဲ့ MusicCast စပီကာတွေ၊ အသံချဲ့စက်တွေနဲ့ ချိတ်ဆက်ရမှာဖြစ်ပြီး ထိုမှတစ်ဆင့် MusicCast app ကနေ သီချင်းတွေ ဖွင့်နိုင်မှာပါ။ ဓာတ်စက်စနားထောင်ဖို့ကိုတော့ ခေတ်ဟောင်းကအတိုင်း အပ်လေးကို ဓာတ်စက်ပေါ် စချပေးလိုက်ရုံပါပဲ။

READ
ဓာတ်ပုံတစ်ပုံရဲ့ မလိုချင်တဲ့ background ကို လွယ်ကူစွာ ဖယ်ရှားပေးမယ့် tool အကြောင်း
digitaltrends

ဓာတ်စက်မှာ Bluetooth နဲ့ Wi-Fi စနစ်လည်း ပါဝင်တဲ့အတွက် အခြားအခန်းက စပီကာတွေနဲ့ပါ ချိတ်ဆက်ပြီး ကိုယ်ရှိတဲ့ နေရာမှာ သီချင်းတွေ နားထောင်နိုင်ပါတယ်။ ခေတ်ဟောင်းဓာတ်စက်တွေနဲ့ မတူတာကတော့ ကြိုးတပ်ဆင်မှု ရှုပ်ထွေးတာမရှိပါဘူး။ Wired mode နဲ့ ရော wireless mode နဲ့ပါ သီချင်းတွေကို ဓာတ်စက်ကနေ နားဆင်နိုင်ပါတယ်။

digitaltrends

Sound system ပိုင်းမှာတော့ အလွန်ကောင်းမွန်ပြီး MusicCast ရဲ့ အသေးဆုံးစပီကာအမျိုးအစား ဖြစ်တဲ့ MusicCast 20 speaker နဲ့ ချိတ်ပြီး နားထောင်ရင်တောင် အရမ်းကို မိုက်တဲ့ playback အသံတွေကို ခံစားနားဆင်နိုင်မှာလည်း ဖြစ်ပါတယ်။

digitaltrends

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇၀၀ ပါ။ ခေတ်ဟော်းစတိုင်နဲ့ သီချင်းနားထောင်ချင်သူတိုင်းအတွက် ကွက်တိဖြစ်မယ့် အလက်ထရောနစ်ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။

Ref: Digital Trends

SHARE