ကမ္ဘာ့ညှို့အားအပြင်းဆုံး မိုးလေ၀သ တင်ဆက်သူကိုယ်တိုင် ဖွင့်ဟခဲ့တဲ့ သူမရဲ့ပြောင်းလဲပုံ

ကမ္ဘာ့ ညို့အားအပြင်းဆုံး မိုးလေ၀သ အစီအစဉ်တင်ဆက်သူဟာ မြင်ရသူတိုင်း ပါးစပ်အဟောင်သားဖြစ်သွားစေမယ့် ခန္ဓာကိုယ် ပြောင်းလဲမှုကို ထုတ်ဖော်ပြခဲ့ပါတယ်။

Yanet Garcia ဆိုတဲ့ သူမဟာ မက္ကဆီကန် ရုပ်သံတစ်ခုဖြစ်တဲ့ Televis Minterry မှာ မိုးလေ၀သ အစီအစဉ်တင်ဆက်သူအဖြစ်လုပ်ကိုင် နေပါတယ်။ သူမဟာ ရှေ့တစ်ပတ်တုန်းက အင်စတာဂရမ်မှာ အံသြမှင်သက်ဖွယ် ပြောင်းလဲလာပုံတွေကို တင်ခဲ့ပါတယ်။

The Sun

အခုဆို အသက် (၂၆) အရွယ်ရှိနေပြီးဖြစ်တဲ့ သူမဟာ အရင်က အချိုးမကျပဲ ပိန်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူမဟာ (၈)နှစ်လောက် အချိန်ပေးပြီး ကင် ကာဒါရှီယန်တို့လိုမျိုး အချိုးအစားရအောင် ကြိုးစားခဲ့တယ်။ သူမဟာ ဘယ်တော့မှ အရှုံးမပေးဘဲ၊ ဒီလို အားထုတ်ခြင်းကြောင့် ခံယူချက်တွေတည်မြဲခြင်းနဲ့ စူးစိုက်နှစ်မြုပ်ထားမှု၊ စည်းကမ်းရှိမှုတွေ မြဲမြံလာစေတယ်လို့ ဆိုပါတယ်။

READ
တတ်ထားတဲ့ပညာနဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပြု ပြင်ထိန်းသိမ်းပေးနေသူ

ဘယ်လောက်တောင် ပရိသတ်က စိတ်ဝင်စားသလဲဆိုရင် သူမတင်လိုက်တဲ့ ယခင်နဲ့ အခုကွဲခြားပုံဟာ Likes (၅၀၀,၀၀၀) ကျော်အထိရှိခဲ့တယ်။

The Sun
The Sun

မကြာသေးခင်ကမှ ထွက်လာခဲ့တဲ့ တင်းပါး ခွဲစိတ်ပြုပြင်ထားပါတယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒါ သူမအနေနဲ့ နှစ်ရှည် ကြိုးစားအားထုတ်မှုရဲ့ ရလဒ်သာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ သူမဟာ Gym သွားတုန်းရိုက်ထားတဲ့ ပုံတွေနဲ့ အပြင်းစားလေ့ကျင်းခန်းတွေကို လုပ်နေပုံ တင်လေ့ရှိတယ်။

The Sun

“ပိန်လွန်းနေတာရယ်၊ ကိုယ့်ကိုကိုယ် အကောင်းဆုံး အသွင်အပြင်နဲ့ မြင်ချင်တာရယ်ကြောင့် Gym သွားဖို့ လွန်ခဲ့တဲ့ (၈) နှစ်ကတည်းက ဆုံးဖြတ်ခဲ့တာပါ” လို့ သူမက ပြောပါတယ်။

ဒါဟာ မလွယ်ကူတဲ့ အလုပ်တစ်ခုဖြစ်သလို လုပ်ရကျိုးနပ်တဲ့ အလုပ်တစ်ခုဖြစ်ကြောင်းလည်း ပြောပါတယ်။ ရုပ်သံ အစီအစဉ်တွေမှာ မလုပ်ခင် မော်ဒယ်တစ်ယောက် လုပ်ခဲ့ဖူးပါသေးတယ်။ မော်ဒယ်အလုပ်က သူမအိပ်မက်တွေကို တကယ်ဖြစ်လာဖို့အတွက် ပလက်ဖောင်းတစ်ခုလို့လည်း ညွှန်းဆိုခဲ့တယ်။

READ
ခေတ်စားနေတဲ့ 10 years challenge ကို အောင်မြင်စွာလုပ်နိုင်ခဲ့သူများ
The Sun

TMZ နဲ့ Playboy မဂ္ဂဇင်းတွေက မိုးလေ၀သကြည့်ချင်အောင် လုပ်နေတဲ့ မိန်းကလေးလို့ ဖော်ပြခဲ့တဲ့နောက်မှ ပိုပြီး ကျော်ကြားလာခဲ့တာ အခုဆို အင်စတာဂရမ်မှာ ပရိသတ် (၇.၄) သန်းတောင်ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇွန်လိုင်လတုန်းကလည်း Gamer ချစ်သူနဲ့ လမ်းခွဲခဲ့ပြီး သတင်းခေါင်းကြီးပိုင်းတွေမှာ ရောက်ခဲ့ပါသေးတယ်။ အခုထိတော့ စင်ဂယ်ပဲလို့ သိရပါတယ်။

Source: The Sun

Matthew (ShweMOM)

 

SHARE