၅၀ ကော်ျအမျိုးသမီးများဟာ ဆွဲဆောင်မှုမရှိဘူးလို့ပြောလို့ ဝေဖန်ခံနေရတဲ့စာရေးဆရာ

Facebook

အသက် (၅၁) နှစ်အရွယ် Yann Moix ဆိုသူ ပြင်သစ်စာရေးဆရာဟာ အင်တာဗျူးတစ်ခုမှာ အမျိုးသမီးတွေရဲ့အသက်အရွယ်ကို နှိမ့်ချစော်ကားတဲ့ စကားတစ်ခွန်းကို ပြောမိခဲ့ရာ အမျိုးသမီးထုများမှ ဝေဖန်မှုတွေမြင့်တက်နေခဲ့ပါတယ်။

Facebook

အင်တာဗျူးမှာပြောသွားခဲ့တဲ့ Yann Moix ရဲ့ စကားအကြမ်းဖျင်းကတော့ သူ့အတွက် အသက် (၅၀) ကျော်အရွယ်အမျိုးသမီးများဟာ လိင်ပိုင်းဆိုင်ရာမှုဆွဲဆောင်မှုမရှိတော့တဲ့အကြောင်းပဲဖြစ်ပါတယ်။ သူ့အတွက်တော့ အသက် (၂၅) နှစ်အရွယ် မိန်းမပျိုတစ်ဦးရဲ့ ကိုယ်ခန္ဓာဟာ အကောင်းဆုံးအဖြစ်သတ်မှတ်ကြောင်းနဲ့ အထူးသဖြင့် အသက် (၅၀) အရွယ် အာရှအမျိုးသမီးများဟာ ခန္ဓာကိုယ်ကြီးမားပြီး ပိုအိုစာတာကြောင့် သူ့စိတ်ထဲတော့အဆင်မပြေဘူးဆိုပြီး ပြောသွားခဲ့တာပါ။

Facebook

ဒီစကားတွေဟာ သူ့ရဲ့အသစ်ထွက်ရှိထားခဲ့တဲ့ Breaking Up ဆိုတဲ့ စာအုပ်အကြောင်းဆွေးနွေးရာမှာ ပြောကြားသွားခဲ့တဲ့ စကားတွေပဲဖြစ်ပါတယ်။ ဒီအင်တာဗျူးဟာ အမျိုးသမီးတွေအတွက်တော့ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ရည်သွင်ပြင်ပိုင်းဆိုင်ရာနှင့် အခြားသောနှိမ့်ချခြင်းတို့ ဖြစ်ပေါ်စေတဲ့အတွက် သဘောမကျဖြစ်ကာ လူမှုကွန်ယက်တွေမှာ ဝေဖန်မှုတွေ များနေခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေအပေါ်မှာလည်း Yann Moix မှ လူမှုကွန်ယက်ပေါ်မှာပဲ “ကျွန်တော့်ကိုလည်း အသက် (၅၀) အရွယ်မပြောနဲ့ ဘယ်အမျိုးသမီးမှ ကြိုက်မှာမဟုတ်ဘူး” ဆိုပြီး ရယ်စရာတမင်ပြောပြီး စကားကို ရှောချခဲ့ပါတယ်။

READ
ထောက်လှမ်းရေးအရာရှိဆိုတဲ့လူကို လက်ထပ်ခဲ့ပြီးနှစ်အတန်ကြာမှ အဖြစ်မှန်သိခဲ့ရသူ

ဒီအကြောင်းနဲပတ်သက်ပြီး ပြင်သစ်ရဲ့ နိုင်ငံကော်ျအမျိုးသမီး ဟာသသရုပ်ဆောင် Marina Fois ဟာ Twitter မှာ “Yan Moix နဲ့ အိပ်ရဖို့ တစ်နှစ်နဲ့ (၁၄) ရက်ပဲကျန်တော့တာပေါ့” ဆိုပြီး ဆန့်ကျင်တဲ့ post ကို ရွှတ်နောက်နောက်နဲ့ တင်ထားခဲ့ပါတယ်။ သူမကတော့ အသက် (၄၉) နှစ်ရှိနေပြီဖြစ်ပါတယ်။

Pinterest

ကဲ ဒီတော့ ကမ္ဘာအရပ်ရပ်က အသက် (၅၀) ပတ်ဝန်းကျင်ရှိနေတဲ့ အမျိုးသမီးများကို တစ်ချက်လောက်ကြည့်ပြီး Yann Moix ပြောတဲ့အတိုင်း ဆွဲဆောင်မှုမရှိဘူးလားဆိုပြီး ကြည့်လိုက်ကြရအောင်နော်။

Halley Berry ဟာ အသက် (၅၂) နှစ်ရှိနေပါပြီ။ ဆွဲတောင်မှုမရှိဘူးပေါ့?

Pinterest

Liz Hurley ဟာ အသက် (၅၃) နှစ်ရှိနေပြီဖြစ်ပါတယ်။

READ
အမြှောက်ပစ်တဲ့ အချိန်မှာမှ အရှေ့တည့်တည့်ကနေ ပျံမိတဲ့ ကမ္ဘာ့ကံအဆိုးဆုံး ခိုလေး
Instagram

အသက် (၅၁) နှစ်အရွယ် Pamela Anderson ပြောဖူးကတော့ အသက်ပိုကြီးတဲ့အမျိုးသမီးတွေဟာ (၂၀) ကျော်မိန်းမပျိုလေးတွေထက် အိပ်ယာပေါ်ကကိစ္စတွေမှာ ပိုကောင်းပါတယ်တဲ့။

The Sun

အသက် (၅၀) အရွယ် Elle Macpherson ကတော့ သူမသက်တမ်းတစ်လျှောက်လုံးပျော်ရွှင်မှုရဲ့  ၉၂% ဟာ အသက် (၅၀) မှာစတင်ပါတယ်လို့ဆိုပြန်တယ်။

Sky Living

Source: SCMP, The Sun

Penny

SHARE