တရုတ်မှာ ပြသခွင့် ပိတ်ပင်ခံလိုက်ရတဲ့ Story Of Yanxi Palace

တရုတ်ရှေးဇာတ်ကား ဖြစ်တဲ့ Story Of Yanxi Palace ဒရမ်မာဇာတ်ကားကတော့ အခုဆိုရင် ပြသခွင့်ပိတ် ပင်ခံ လိုက်ရပါပြီ။လူ့အဖွဲ့အစည်းကနေ ဒီဇာတ်ကားအပေါ် ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့တာကြောင့် နောက် ဆုံး ပြသခွင့်ကိုပါ ပိတ်ပင်ခံလိုက်ရတာပါ။တရုတ်ရဲ့ နာမည်ကြီး သမိုင်းကြောင်း ဒရမ်မာ ဇာတ်ကား ကိုတော့ ပြည်တွင်းမီဒီယာတွေက လည်း ၀ိုင်းပြီး ထိုးနှက်ဝေဖန်ခဲ့ကြတာပါ။ဒီဇာတ်ကား ဟာ လူ့ အဖွဲ့အစည်းအပေါ် မကောင်းတဲ့ လွှမ်းမိုးမှုတွေရှိနိုင် တယ်ဆိုပြီး  ပြောဆို ဝေဖန်ခဲ့  ကြတာ ကြောင့် နောက်ဆုံး ပြသခွင့်ပါ ရုပ်သိမ်းခံလိုက်ရတဲ့ အထိ ဖြစ်ခဲ့တာပါ။

China Film Insider
China Film Insider

ဒီဇာတ်လမ်းတွဲကတော့ တော်ဝင်နန်းတော်ထဲက အချစ်ဇာတ်လမ်းအရှုပ်တော် ပုံတွေ အကြောင်း ရိုက်ထား တာပါ။ Qing မင်းဆက်ရဲ့ ဧကရာဇ် မိဖုရားဖြစ်လာဖို့ ဗျူဟာကျကျနဲ့  သူမရဲ့ အဆင့် အတန်းမြင့်မားဖို့ ကြိုးစားတဲ့ မိန်းကေ လးရဲ့ အကြောင်းပါ။ဒီဇာတ်ကားကိုတော့ Dragon TV မှာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီဇာတ် ကားနေရာမှာ တခြား Reality Show တစ်ခုကို အစားထိုးခဲ့ပါတယ်။video streaming site တစ်ခု ဖြစ်တဲ့  iQiyi မှာတော့ Story Of Yanxi Palace ကို မနှစ်က ပြသခဲ့ဖူးပါတယ်။အဲ့ဒီမှာတော့ Story Of Yanxi Palace ဇာတ် ကား က အခုထိ ရှိနေတုန်းပါ။

READ
စပိုင်ဒရမ်မာကားသစ် ရိုက်ကူးတော့မယ့် Ha Ji Won
China Film Insider
China Film Insider

Story Of Yanxi Palace ဇာတ်ကားဟာ မနှစ်က ဇူလိုင်မှ ပြသခဲ့တုန်းက ကြည့်ရှု နှုန်း စံချိန်တောင်တင်ခဲ့ တာပါ။အပိုင်းပေါင်း (၇၀) ပါဝင်ပြီး video stream  အကြိမ်ပေါင်း  (၁၇) ဘီလီယံ ကျော် ပြသခဲ့တာပါ။ဒါ့အပြင် (၂၀၁၈)ရဲ့ The Most  Googled TV show အဖြစ်တောင် သတ်မှတ် ခံခဲ့ရတာပါ။ ဒီဇာတ်ကား မှာတော့ Qing မင်းဆက်ရဲ့ အကြောင်းကို ရိုက်ပြထားပြီး တရုတ်မင်းသမီး Wu Jinyan ၊ ဟောင်ကောင် မင်းသမီး Charmaine Sheh တို့ လည်း ပါဝင်ထားပါတယ်။

Source cnalifestyle

SHARE