ပြက္ခဒိန်ရိုက်ကူးခဲ့တဲ့ ငယ်ဘ၀အမှတ်တရ လေးတွေကို ပြန်လည် ဝေမျှခဲ့တဲ့ ရ ဝေအောင်

Image:Fb/Yawai Aung

ရ ဝေ အောင် ကတော့ တစ်ခေတ် တခါက အနုပညာလောကမှာ နာမည်ကြီး လူကြိုက်များခဲ့တဲ့ မင်းသားတစ်ယောက် ပါ။အဲ့ဒီ အချိန် က ဆိုရင် VCD တွေ၊ ကြော်ငြာတွေ ၊ပြက္ခဒိန်တွေ၊ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ နေရာ ယူ ခဲ့သူပါ။ဒီနေ့ ခေတ်မှာ တော့ ပြက္ခဒိန် တွေ က အဲ့ဒီ တုန်းက လောက် ရေပန်းမစား တော့ ပေမယ့် အဲ့ဒီ အချိန် (၂၀၀၀)ခုနှစ် နဲ့ (၂၀၀၀)မတိုင်ခင်ဝန်းကျင် လောက်က ဆိုရင် မင်းသား၊မင်းသမီးတွေ ရဲ့  ပြက္ခဒိန် တွေ က အ ရမ်း ရေပန်းစားခဲ့ပါတယ်။ဒီမင်းသား ၊ဟိုမင်းသမီး ရိုက်တဲ့ ပြက္ခဒိန် ဆိုရင် အရမ်း ရောင်းကောင်းတယ်ဆိုတဲ့ ခေတ် တစ်ခေတ် ဖြစ်ခဲ့တာပါ။

Image:Fb/Yawai Aung
Image:Fb/Yawai Aung

မင်းသား ရ ဝေ အောင် ကတော့ သူ့ရဲ့ အနုပညာ လောက အမှတ်တရ ပုံလေးတွေကို FB မှာ တစ်စု တစ်စည်း တည်း ဝေမျှ ပေးနေပါတယ်။ရ ဝေ အောင်နဲ့ ရိုက်ကူးတဲ့ မင်းသမီးတွေ ထဲမှာဆိုရင်တော့ မြတ် ကေ သီ အောင်၊အူဝဲ၊ ခိုင် သင်း ကြည်၊ရတနာခင် ၊မျိုးစန္ဒီ ကျော်…

READ
လွမ်းနေတဲ့ ပရိသတ်တွေအတွက် အလွမ်းပြေပုံလေးတွေ တင်လိုက်တဲ့ မေမြင့်မိုရ်
Image:Fb/Yawai Aung
Image:Fb/Yawai Aung

စမိုင်းလ်၊ယမင်းကိုကို၊နန္ဒာလှိုင်၊ကြည်လဲ့လဲ့ဦး၊ထက်ထက်မိုးဦး၊စိုးမြတ်န္ဒာ၊လင်းဇာနည်ဇော်၊လှအဉ္ဇလီတင့်၊ပပ ၀င်းခင်၊လှမျိုး သဉ္ဇာ နွယ်… တို့ အပြင် တခြား အနုပညာရှင်တွေ အများကြီး ပါ။ဒီပုံလေးတွေ ကိုတော့ မြင်လိုက်ရတဲ့ အရင် တုန်းက အမှတ်တရ လေးတွေကို တောင် ပြန်သတိရ မိတယ်လို့ ရ ဝေ အောင်ရဲ့ Post အောက်မှာ ပရိသတ်တွေ က Comment ၀င် ရေး ခဲ့ ကြတာကိုလည်း တွေ့ရ ပါတယ်။

Image:Fb/Yawai Aung
Image:Fb/Yawai Aung

“မင်းသား မင်းသမီး အစုံ ပြက္ခဒိန် ရိုက်ကူးရတာလဲ လွယ်တာတော့ မဟုတ်ပါ.. ! 📷ရိုက်ကွင်းကို အရင်ရော က်လာတဲ့သူတွေနဲ့ နောက်ရိုက်ကူးရေးသွားရမယ့်သူ နဲ့ အလျင်သင့်သလိုလေးတွေရိုက်ကူးခဲ့ရတာလည်း အမှတ်တရပါ.. ! 📷📷📷…” ဆိုၿပီး မင်းသမီး အစုံနဲ့ ရိုက်ခဲ့တဲ့ အမှတ်တရ ပေါင်းစုံကို Post တစ်ခုစီ ခွဲ ပြီး ဝေမျှ ခဲ့ ပါတယ်။

Image:Fb/Yawai Aung

 

READ
စန္ဒီမြင့်လွင်ရဲ့ Pre wedding ဓါတ်ပုံများ
Image:Fb/Yawai Aung

Source:FB/Yawai Aung

SHARE