2010ခုနှစ်မှာ ယာယာတိုရေးကို ဘာစီလိုနာအသင်းကနေ မန်စီးတီးအသင်းက ခေါ်ယူခဲ့ပါတယ်။ အဲ့ဒိအချိန်က ယာယာ
တိုရေးဟာ မန်စီးတီးဆိုတာကိုမကြားဖူးပဲ မန်ယူအသင်းလို့ပဲထင်ခဲ့ပါတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဒါပေမယ့်
သူ့ရဲ့အေးဂျင့်ဖြစ်သူက မန်စီးတီးဆိုတာ မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက်ဖြစ်တယ်လို့ ရှင်းပြတော့မှ သူသိခဲ့ပါတယ်။
၂၀၁၀ခုနှစ်က ဘာစီလိုနာအသင်းကနေ မန်စီးတီးအသင်းကို ၂၄သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ကြိမ်ရထားပြီး FAဖလား တစ်ကြိမ်ရရှိခဲ့ပါတယ်။ ရှိန်မန်ဆော်မိသားစုက မန်စီးတီးအသင်းကိုဝယ်ပြီး
ချိန်မှာ ယာယာတိုရေးကို ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ အခုအချိန်အထိ $780 Millionလောက် အပြောင်းအရွှေ့မှာ
သုံးစွဲခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ အမြင့်ဆုံး Semifinal အဆင့်ကိုပဲ ဒီနှစ်မှာေ၇ာက်ခဲ့ပါတယ်။ နောက်နှစ်မှာတော့
ဘာစီလိုနာနဲ့၊ဘိုင်ယန်မြူးနစ်တို့ကို ကိုင်တွယ်ခဲ့တဲ့ ဂွာဒီယိုလာတစ်ယောက် မန်စီးတီးကိုရောက်လာတော့မှာ ဖြစ်ပါတယ်။
“ကျွန်တော်ဘာစီလိုနာမှာတုန်းက မန်စီးတီးအသင်းက ကျွန်တော့်ကို ချည်းကပ်ခဲ့ပါတယ်။ ကျွန်တော်က မန်ယူလို့ပဲထင်
ခဲ့တာပါ။ ကျွန်တော့် အေးဂျင့်က ရှင်းပြတော့မှ ကျွန်တော်သဘောပေါက်ခဲ့တာပါ။ အဲ့ဒိအချိန်တုန်းက မန်ယူက မန်စီးတီး
ကို အမြဲနိုင်နေခဲ့ပါတယ်။ မန်ယူကအသင်းကြီးပါ။ ကျွန်တော်အဲ့ဒိအသင်းကို လေးစားပါတယ်။ ဒါပေမယ့် မန်စီးတီးက
အောင်မြင်လာတော့မှာ ကျွန်တော်သိနေခဲ့လို့ မန်စီးတီးကိုပြောင်းခဲ့တာပါ။ ကျွန်တော့်ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါတယ်။”
လို့ ယာယာတိုရေးက ဆိုခဲ့ပါတယ်။
Source: metro