ဦးရဲအောင်ရဲ့ ကူညီပေးမှုကြောင့် မျက်လုံးခွဲစိတ်ကုသနိုင်တော့မယ့် ဦးမန်းဝင်း

Image:fb/Kyi Phyu Mann Win

ပြည်သူချစ် ဟာသသရုပ်ဆောင်ကြီး ဦးမန်းဝင်းကတော့ ကျန်းမာရေးအခြေအနေကြာင့် အိပ်ယာထဲမှာ လဲနေခဲ့ ရတာ ကြာခဲ့ပါပြီ။ကျောက်ကပ်ရောဂါ ဝေဒနာကို ခံစားနေရတာပါ။ကျောက်ကပ်က ပုံမှန်ဆေး ပေးနေရတဲ့ အတွက် ငွေကုန် ကြေးကျ အရမ်းကို များနေခဲ့ရပြီး အလှူရှင်တွေကလည်း ဦးမန်းဝင်း အတွက် တက်နိုင်သမျှ ကူညီ ပေးနေ ကြပါတယ်။ဆီးချို သွေးချို ဝေဒနာကိုပါ ခံစားနေရတာဖြစ်ပြီး ရောဂါ တွေရဲ့ နောက်ဆက် တွဲ ကြောင့် မျက်လုံးမမြင်ရတာလည်း ကြာခဲ့ပါပြီ။မျက်လုံးအလင်းပြန်မြင်ချင်နေတဲ့ ဦးမန်းဝင်း အတွက် အကယ်ဒမီ သရုပ်ဆောင် ဦးရဲအောင်က ကူညီပေးခဲ့ပါတယ်။မျက်လုံး ခွဲစိတ်မှုကိုတော့ သောကြာနေ့မှာ ပြုလုပ်မှာပါ။

Image:fb/Kyi Phyu Mann Win
Image:fb/Kyi Phyu Mann Win

“grand hantha ဆေးရုံကြီးမှာ အကယ်ဒမီကိုရဲအောင်၏ အကူအညီဖြင့် မျက်စိခွဲစိပ်ရန် မျက်စိအထူးကုဆရာဝန်ကြီးဖြင့် ပြသ။
စိတ်ရောလူရော အပင်ပန်းခံကူညီပေးပါသော အကယ်ဒမီကိုရဲအောင်ကိုလဲ အထူးပဲကျေးဇူးတင်ရှိပါတယ်…” ဆိုပြီး ဦးမန်းဝင်းရဲ့ Fb မှာ ဝေမျှ ထားပါတယ်။

Image:fb/Kyi Phyu Mann Win

ဦးမန်းဝင်းရဲ့ သမီးဖြစ်သူကလည်း “ပြည်သူချစ် မင်းသားချော အကယ်ဒမီ (ကို)ရဲအောင်၏အကူအညီဖြင့် သောကြာနေ့ ဖေကြီးမျက်လုံး ခွဲစိပ်ပါမည်။ကျေးဇူးတင် ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိပါဘူး။ဖေကြီးရဲ့မျက်စိ ၂ကွင်း အလင်းရအောင် ကူညီပေးတဲ့ စိတ်နဲ့ တူသောအကျိုးတွေ ခံစားရရှိနိုင်ပါစေ။သောကြာနေ့ ဖေကြီးရဲ့ခွဲစိပ်မှုလည်း အောင်မြင်ပြီး အစစအရာရာ အဆင်ပြေပါစေ ဖေကြီးရယ်….” ဆိုပြီး တင်ထားပါတယ်။ကျောက်ကပ် ဝေဒနာ ရှင် ဦးမန်းဝင်းအတွက် တခြားအနုပညာရှင်တွေကလည်း သူတို့ တက်နိုင်သမျှ ၀ိုင်းဝန်းကူညီေ ပးနေ၊ပေးခဲ့ ကြပါတယ်။

READ
တရုတ် ကိုယ်စားပြု မင်းသမီးဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူးလို့ Angelababy အပြောခံနေရ
Image:fb/Kyi Phyu Mann Win
Image:fb/Kyi Phyu Mann Win
Image:fb/Kyi Phyu Mann Win

Source Kyi Phyu Mann Win ရဲ့ fb

SHARE