မောင်းမကန်ကမ်း​ခြေကို အလည်ရောက်ခဲ့တဲ့ ရဲနောင်နဲ့ပိုးမီ

Myanmar Idol ရဲ့ ပြိုင်ပွဲဝင်တွေဖြစ်ခဲ့ဖူးတဲ့ အဆိုတော် ရဲနောင်နဲ့ ပိုးမီတို့ကတော့ မောင်းမကန် ကမ်းခြေကို အလည်ရောက်ခဲ့ကြပါတယ်။ ထားဝယ်မှာ Telenor ပွဲအတွက် သီချင်းသွားဆိုရင်း မောင်းမကန်ကို အလည်ရောက်ခဲ့ကြပုံရပါတယ်။

ရဲနောင်က သူနဲ့ပိုးမီရဲ့ မောင်းမကန်ကမ်းခြေက ပုံလေးတွေကို…” မောင်းမကန် မှာ အ ကြောင်းဖန်ခဲ့စဉ် က..” ဆိုပြီး တင်ထားပါတယ်။

နှစ်ယောက်လုံးက Myanmar Idol မှာ အတူပြိုင်ပွဲဝင်ခဲ့ကြပြီး အရမ်းကို ရင်းနှီးခင်မင်ကြတာကိုတွေ့ရပါတယ်။ အရင်တုန်းကလည်း အနုပညာရှင်တွေရဲ့အတွင်းရေးကို ထုတ်ဖော်တဲ့ page တစ်ခုက သူတို့နှစ်ဦးတွဲနေတယ်လို့ ဖော်ပြခဲ့ဖူးတာရယ်၊ အရမ်းရင်းနှီးခင်မင်ကြတဲ့ သူတို့ရဲ့ ဆက်ဆံရေးကြောင့် တွဲနေတာလားဆိုပြီး ပရိသတ်တစ်ချို့က သံသယ၀င်နေကြပါတယ်။

from ရဲနောင်နဲ့ပိုးမီရဲ့ fb

READ
သြဂုတ်လ ဒုတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE