နှစ်သစ်ကူးသင်္ကြန်ပွဲတော်မှာ တွေ့ရတဲ့ မင်းသားရဲတိုက်

ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အချစ်တော်မင်းသားတစ်ယောက်ဖြစ်တဲ့ ရဲတိုက်ကတော့ အကျဉ်းထောင်မှာ ၅နှစ်ကျော်ကြာဖြတ်သန်းခဲ့ပြီး ၂၀၁၇ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာတဲ့နောက် ပထမဆုံးအကြိမ်အနေနဲ့ မြန်မာနှစ်သစ်ကူးပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ရတဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတူ ပါဝင်ဆင်နွှဲနေတာဖြစ်ပါတယ်။

ရဲတိုက်ရဲ့ ညီဖြစ်တဲ့ မင်းသားနွေဦးက သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ အစ်ကိုဖြစ်သူ ရဲတိုက်နဲ့အတူ သင်္ကြန်အကြိုနေ့မှာ လမ်းလျှောက်ပြီး လည်ပတ်နေတဲ့ ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့ညီအစ်ကို နှစ်ဦးရဲ့ ဓါတ်ပုံလေးတွေကို အရမ်းပဲ သဘောကျနေကြပါတယ်။

 

အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ရဲတိုက်ကတော့ ရုပ်ရှင်တွေလည်း ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပြီး ကမ်းလှမ်းခံထားရတဲ့ ဇာတ်ကားတွေလည်း အများကြီးရှိတယ်လို့သိရပါတယ်။

Source: Nway Oo

SHARE