ချစ်သူစိတ်ပူပန်စရာ မလိုလောက်အောင် သည်းသည်းလှုပ်ချစ်ပြလိုက်တဲ့ ရဲရင့်အောင်

သရုပ်ဆောင်၊မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဧငြိမ်းဖြူနဲ့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သူတစ်ယောက်ဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်တို့ကတော့ သူတို့ရဲ့ အချစ်ရေးကို ဖုံးကွယ်ထားခြင်းမရှိပဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းရှိတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ချစ်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သူနှစ်ယောက်ဖြစ်လို့ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

ဒီကနေ့မှာလည်း သူတို့နှစ်ယောက်ကတော့ ပရိသတ်တွေကို အားကျသွားစေပြန်ပါပြီ။ ရဲရင့်အောင်ကတော့ သူရဲ့ ချစ်သူလေး ဧငြိမ်းဖြူစိတ်မပူရအောင် သူရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေ အကုန် မက်ဆေ့ကနေတစ်ဆင့် သတင်းပို့ပြီးပေးနေတာဖြစ်ပါတယ်။ ဒီအကြောင်းကို ဧငြိမ်းဖြူက သူမရဲ့ ဖေစ်ဘုတ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ ချစ်သူနှစ်ယောက်ကို အားကျနေကြပြီလား ပရိသတ်ကြီးရေ။

SOurce: A Nyein Phyu

 

SHARE