အလုပ်သင်ဝန်ထမ်းဟောင်းတစ်ဦးကို တရားစွဲဆိုခဲ့တဲ့ Kanye West ရဲ့ Yezzy ကုမ္ပဏီ

[email protected] yeezymafia

ကမ္ဘာကျော် ရက်ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ Kanye West ကို Hiphop ပရိသတ်တွေနဲ့ လူငယ်တော်တော်များများ သိရှိကြပြီး ဖြစ်သလို Kanye West ရဲ့ ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Yeezy ကိုလည်း တော်တော်များများ သိရှိကြမှာပါ။ ၂၀၁၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Yeezy ဟာ ကမ္ဘာကျာ် Footwear ကုမ္ပဏီတွေထဲက နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်သလို Yeezy ကုမ္ပဏီမှာတင် Kanye ရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရှိတယ်လို့ သိရှိရပါတယ်။ လတ်တလောမှာတော့ Yezzy ဟာ သူတို့ကုမ္ပဏီက အလုပ်သင်ဝန်ထမ်းတစ်ဦးကို သတ်မှတ်ထားတဲ့ လျော်ကြေးတစ်ခုရရှိဖို့အတွက် တရားစွဲဆိုခဲ့ကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by YEEZY MAFIA (@yeezymafia)

ကုမ္ပဏီရဲ့ အလုပ်သင်ဝန်ထမ်းဟောင်းကို တရားစွဲဆိုခဲ့ရတဲ့ အကြောင်းအရင်းကတော့ အဆိုပါ ဝန်ထမ်းဟာ ကုမ္ပဏီရဲ့ လျှို့ဝှက်ဒီဇိုင်းတစ်ခုကို သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ တင်ခဲ့လို့ပဲဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီဝန်ထမ်းရဲ့ နာမည်ကတော့ Ryan Inwards ဖြစ်ပြီး Ryan ဟာ ကုမ္ပဏီရဲ့ ခွင့်ပြုချက်မရပဲ သူလုပ်ချင်တာကို လုပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ Ryan တင်ခဲ့တဲ့ ဒီဇိုင်းဓာတ်ပုံကြောင့် Yezzy ကုမ္ပဏီကနေ အမေရိကန်ဒေါ်လာ ၅ သိန်းလောက်ကို ဆုံးရှုံးနစ်နာခဲ့ရတာဖြစ်ပြီး Yeezy အနေနဲ့ ဆုံးရှုံးသွားတဲ့ငွေတွေကို ပြန်ရလိုမှုနဲ့ Ryan ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

READ
သေသူရဲ့ခန္ဓာကိုယ်မှ ၀ိဉာဉ်ထွက်သွားပုံကို ဆေးရုံ CCTV မှ မှတ်တမ်းတင်နိုင်ခဲ့

 

 

View this post on Instagram

 

A post shared by YEEZY MAFIA (@yeezymafia)

“ဒီလိုမျိုး ကုမ္ပဏီရဲ့ လျှို့ဝှက်ထားတဲ့ ဒီဇိုင်းတစ်ခု ပေါက်ကြားသွားတာ Ryan ရဲ့ ပယောဂတွေ အများကြီးပါဝင်ပါတယ်။ Ryan ဟာ အဲဒီဒီိုင်းကို ရည်ရွယ်ချက်ရှိရှိ သူ့ရဲ့ Instagram မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ IG အကောင့်ကို ပိတ်သိမ်းလိုက်ပါပြီ။ ဒါပေမယ့်လည်း ဒီလိုမျိုး ဒီဇိုင်းပေါက်ကြားသွားတဲ့ ကိစ္စမှာ ကုမ္ပဏီဖက်က ဒေါ်လာ ၅ သိန်းလောက် ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီလိုမျိုး ဆုံးရှုံးသွားတဲ့ ငွေတွေကို ပြန်ရချင်လို့ တရားစွဲထားတာ ဖြစ်ပါတယ်”လို့ Yeezy ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက Unilad သတင်းဌာနကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။

READ
သေနတ်ကျည် မှန်တာတောင်မှ ဆက်ပြီး အသုံးပြုလို့ ရနေသေးတဲ့ ဂိမ်းမော်နီတာ

 

 

View this post on Instagram

 

A post shared by YEEZY MAFIA (@yeezymafia)

Pyi Hein Kyaw

SHARE